part 153

2.2K 322 11
                                    

Unicode

အပိုင်း (၁၅၃)
သူမက အဖေ့အတွက် မိန်းမပျိုတစ်ယောက်ကို တကယ် ရှာတွေ့ခဲ့တယ်

နန်းယန်က ကြည့်လိုက်သည်။

သူမ၏အဖေက တခြား သူစိမ်းမိန်းမ တစ်ယောက်၏ လက်ကို ရင်းနှီးစွာ ဆုပ်ကိုင်ထားသည်။ သေချာတာတော့ အဖေက သူမတို့ သားအမိ နှစ်ယောက်ကို ဒီကိစ္စကို ဖုံးကွယ် ထားတာကြောင့် သူမတို့ ရောက်လာတာကို အံ့အားသင့်စွာနှင့် ကြည့်နေပြီး တဒင်္ဂ ဆွံ့အနေသည်။

သူမ၏စိတ်ထဲမှာ မဖော်ပြနိုင်လောက်အောင် ဒေါသထွက်သွားပြီး နန်းပေါင်ရီက သူမတို့ကို ခေါ်လိုက်ရသည့် အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားသည်။

သူမ၏အဖေက သူမတို့ နောက်ကွယ်မှာ မိန်းမတစ်ယောက်ကို ရှာတွေ့သွားသည်။ ပြီးတော့ ထိုမိန်းမက နန်းအိမ်တော်ကိုလည်း ခံ့ခံ့ညားညားနှင့် ဝင်ထွက်နိုင်သည်။

သူမ ဆက်ပြီး မစဉ်းစား နိုင်သေးခင်မှာ လျိုရှောင်မုံ့က အစွယ်တွေနှင့် လက်သည်းတွေကို ထုတ်လိုက်ပြီ ဖြစ်သည်။

“နန်းကွမ်၊ ဒီရက်တွေမှာ ဘယ်တွေ ရောက်နေတာလဲ၊ ကျွန်မကို လာမတွေ့တာက  ဒီမြေခွေးမဆီကို ရောက်နေလို့ပေါ့လေ၊ နန်းကွမ် ရှင်မှာ ကျွန်မအတွက် တာဝန်ရှိသလို ကျွန်မဗိုက်ထဲက ကလေး အတွက်လည်း တာဝန်ရှိတယ်”

သူမက အော်ဟစ်ပြီး ချန်းယဲ့ရူကို ရိုက်ဖို့ကြိုးစားသည်။ နီးကပ်လာသည့် အချိန်မှာ နန်းကွမ်က သူမကို တွန်းထုတ်လိုက်သည်။

နန်းကွမ်က ချန်းယဲ့ရူကို သူ၏နောက်မှာ ထားပြီး ကာကွယ်လိုက်သည်။ သူ၏မျက်နှာ အမူအရာက ချန်းယဲ့ရူ အပေါ်မှာ အရမ်းကို သိမ်မွေ့နေသည်။

သူက ဆယ်နှစ်ကျော် ကြာအောင် လျိုရှောင်မုံ့နှင့် အတူရှိခဲ့ပြီး အမြဲတမ်း နွေးထွေး ကြင်နာတတ်သည်။ ဒီညမှာတော့ ဘာကြောင့် တခြား တစ်ယောက်လို ပြောင်းလဲသွားရတာလဲ။

သူက ထိုမိန်းမ အပေါ်ကိုပိုပြီး ချစ်ခင်နှစ်သက်သည်လား နန်းကွမ်က ပန်းပွင့်သေရည်ကို သောက်နေပြီး ဘာမှပြောမလာပါချေ။

အာဃာတပြန်တမ်းWhere stories live. Discover now