part 124

2.6K 279 2
                                    

unicode
အပိုင်း (၁၂၄)

အဘိုးလေး

နန်းပေါင်ကျူးက မနေ့ညက ‘ချင်ယွမ်ချွန်း နှင်း’ သီချင်းကို ပြန်မှတ်မိအောင် စဉ်းစားလိုက်သည်။ သူမ မနက်ခင်း နိုးသည့်အခါ ဝတ်စားပြင်ဆင်ရင်း မှန်ရှေ့တွင် တတွတ်တွတ် ရွတ်ဆိုနေသည်။

မနက်စာစားပြီး သူမက ရှောင်းယီကို သွားတွေ့ရန် ထွက်လာခဲ့သည်။

ကျင်းကွမ်မြို့က အငယ်ဆုံး အမတ်မင်းအနေဖြင့် သူ့ကိုလည်း လေးစားသမှုနဲ့ ဖိတ်ခေါ်စာ ပို့ရသည်။

“အစ်ကို ၂”

သူမက တက်ကြွနေသည်။

ရှောင်းယီသည် သူမကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပမှုဖြင့် လက်ဖြာနေသည်။

ကောင်မလေးက အနက်ရောင် သားရေဖိနပ်ကို စီးထားပြီး ယောက်ျားလေးသုံး အနီရောင်ဖဲကြိုးကို စည်းထားသည်။ ကျစ်လစ်သွယ်လျသည့် ခါးမှာတော့ လက်သုံးလုံးခန့် အထူရှိသည့် သားရေခါးပတ်ကို ခိုင်မြဲစွာ ပတ်ထားသည်။ သူမဝတ်ထားသည့် အဝါရောင်ဝတ်စုံနဲ့ ဘောင်းဘီရှည်က ကြီးမားနေသည်။

လုံးဝန်းပြည့်တင်းပြီး မိန်းကလေး ပီသသည့် ခန္ဓာကိုယ်နဲ့ ရွှေရောင် ခေါင်းစည်းကြိုးကို စည်းထားသည်။ နှုတ်ခမ်းပါးလေးတွေနဲ့ ခေါင်ရမ်းပန်းနံ့သင်းသည့် မျက်နှာလေးမှာ မျက်နှာချေမှုန့်တွေကို လိမ်းကျံထားသည်။ မီးငှက်လို မျက်လုံးရွဲကြီးတွေက မက်မွန်ပွင့်လို နီရဲနေပြီး ယောက်ျားလေး ဝတ်ရုံကို ဝတ်ဆင်ထားသည်။

တွဲဖက် ပေါင်းစပ်ထားသည့် ပုံစံက အလွန်အကျူး ဆွဲဆောင်မှုရှိပြီး လန်းဆန်းနေသည်။

နန်းပေါင်ရီက ရှောင်းယီ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုကို ဖမ်းဆုပ် လိုက်နိုင်သည်။ သူမက တခစ်ခစ် ရယ်လိုက်သည်။

ဒီလိုပုံစံ ဝတ်စားဆင်ယင်မှုက သူမ၏ အရင်ဘဝတုန်းက နှစ်အတော်ကြာပြီးနောက် ရေပန်းစားခဲ့သည့် ပုံစံဖြစ်သည်။ အခုတော့ သူမူသည် ဒီလိုပုံစံ ဝတ်ဆင်သည့် ပထမဆုံးသူဖြစ်ပြီး မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်မှု ရှိစေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now