part 53

3.6K 484 10
                                    

unicode

အပိုင်း (၅၃)

ရှောင်းယီ နှင့် ကျောင်းကျောင်း၏ ဆက်ဆံရေး

စုန့်ရှစ်နင် တွေဝေသွားသည်။

သူ့အင်္ကျီလက်အစွန်းများကို အေးအေးဆေးဆေးအသွင်နဲ့ ဖုန်ခါလိုက်ပြီး ...

"ကျောင်းကျောင်း က ဘာလို့ အစ်ကို့ကို ဒီအကြောင်း ပြောရတာလဲ"

နန်းပေါင်ရီ က စုန့်ရှစ်နင် ကို ဘေးနားဆွဲကာ ...

"မမကို သဘောမကျဘူးလား ... မမတအားဝမ်းနည်း‌နေတာနော် ..ဝမ်းကွဲအစ်ကို ဒါကို အခွင့်ကောင်းယူရမယ်လေ ဘာတွေစောင့်နေသေးတာလဲ"

သူမ မျက်နှာငယ်လေးမှာ စိတ်အားထက်သန်နေပြီး မမအ‌ပေါ်သူခံစားချက်ရှိနေသည့်အကြောင်း သူ့အစားသူမသာ သွားပြောလိုက်ချင်သည်။

သူမ၏ အစ်မဖြစ်သူက အရင်ဘဝတွင် အပယ်ခံဖြစ်ခဲ့ရပြီး ဝမ်းနည်းစွာပင် ကျင်ကွမ်း မြို့၏ ရယ်မောစရာတစ်ခုဖြစ်ခဲ့ရသည်။

ထိုအချိန်တွင် ဝမ်းကွဲအစ်ကိုက ကျန်းနန် တွင် စီးပွားရေးကိစ္စများဆွေးနွေးနေခဲ့ချိန်ဖြစ်ပြီး သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းအမြန်ပြန်လာကာ သူမ၏မမကို ကိုယ်တိုင်လက်ထပ်ယူဖို့ စီစဉ်ခဲ့သည်။

ပထမဦးဆုံးမင်္ဂလာပွဲကဲ့သို့ပင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။

စုန့်ရှစ်နင် က သူမ၏အစ်မကို နက်နက်ရှိုင်းရှိုင်းချစ်သော်လည်း အစ်မက ကျန်းယွမ့်ဝမ် ၏ချစ်ခြင်းမေတ္တာထောင်ချောက်ထဲ ကျဆင်းသွားပြီး နောက်ဆုံးတွင် စိတ်ဓာတ်ကျပြီး သေဆုံးသွားခဲ့ရသည်။

ဝမ်းကွဲအစ်ကိုမှာလည်း လွန်စွာ စိတ်ထိခိုက်ပြီးညတွင်းချင်း အိုစာသွားခဲ့သည်။ ဓားနှင့် မြင်းတစ်ကောင်သာ ချန်ပြီး မိသားစုစည်းစိမ်ဥစ္စာအားလုံးကို ဘဏ္ဍာတိုက်သို့ လှူဒါန်းခဲ့သည်။ ထို့နောက် စစ်တပ်ထဲတွင်သာ သူ့ဘဝကို မြှုပ်နှံလိုက်တော့သည်။

နောက်ဆုံးတွင် သူသည်လည်း စစ်မြေပြင်တွင် သေဆုံးသွားခဲ့ပြီး သေဆုံးသွားသည့်အချိန်တွင်ပင် သူမအစ်မ၏ ဆံညှပ်ကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။

အာဃာတပြန်တမ်းWhere stories live. Discover now