part102

3.1K 371 2
                                    

unicode
အပိုင်း (၁၀၂)

ကျောင်းကျောင်းနဲ့ ထပ်မတွေ့ဖို့ တားမြစ်တယ်

ရှသခင်မက ကျယ်လောင်စွာ ပြောလိုက်သည်။

“ငါသာမှားတယ်ဆိုရင် ငါက ငါ့သမီးကို မင်းကို အလကားပေးလိုက်မယ်”

“အဲ့ဒါဆိုလည်း သဘောအတိုင်းပါပဲ”

ရှောင်းယီက ပြုံးရင်း သူမကို ကြည့်လိုက်ပြီး သူ၏ဝတ်ရုံလက်ကို ပေါ့ပေါ့ပါးပါး လှည့်ပြလိုက်သည်။ ညာဘက် လက်ကောက်ဝတ်ရော ဘယ်ဘက် လက်ကောက်ဝတ်မှာပါ ဘာဆိုဘာမှ မရှိပါချေ။

“မဖြစ်နိုင်ဘူး”

ရှသခင်မက မျှော်လင့်ချက်များ ကုန်ဆုံးသွားရပြီး “ချင်ချင်က သေချာပြောလိုက်တယ်…၊ ဒါနဲ့ ပန်းထိုးအိတ်၊ ပန်းထိုးအိတ်ကိုပြစမ်း”

ရှောင်းယီက အေးစက်စွာနဲ့ သူ့ခါးပတ်မှာ ချည်ထားသည့် ပန်းထိုးအိတ်ကို သူမဆီ ပစ်ပေးလိုက်သည်။ ရှသခင်မက အလောတကြီး ယူလိုက်ပြီး အနီးကပ် ကြည့်လိုက်သည့်အခါ ပန်းထိုးအိတ်က ဖူရုံလမ်း ဆိုင်မှ ဝယ်ထားသည့် ပန်းထိုးအိတ် ဖြစ်နေပြီး ဆိုင်၏ အမှတ်တံဆိပ် တပ်ထားသည်။ ဘယ်လိုဖြစ်ရတာလဲ။ ရှောင်းယီသည် နန်းပေါင်ရီကို သဘောကျနေတယ်လို့ ချင်ချင်က သူမအား ခိုင်ခိုင်မာမာ ပြောလိုက်တာဖြစ်သည်။  သူမ မှားနေတာများလား?

ရှောင်းယီက သူ၏စူးရှသည့် မျက်လုံးတွေကို စောင်းကြည့်လိုက်ပြီး “ခင်ဗျားက အမတ်တစ်ယောက်နဲ့ သူ့နှမကို မကျေမနပ်ဖြစ်ပြီး သွားပုပ်လေလွှင့် ပြောခဲ့တယ်၊ အမတ်မင်း တစ်ယောက်ကို စော်ကားတာက ဘယ်လို ပြစ်မှုမျိုးလဲ"

ရှသခင်မ၏မျက်နှာသည် နီရဲသွားပြီး သူမ၏အိတ်ကို စိတ်လှုပ်ရှားစွာ ဆုတ်ကိုင် ချေမွနေသည်။ သူမ၏မျက်နှာပေါ်က အပြုံးတွေဟာ လုံးဝကို ကွယ်ပျောက်သွားရပြီး ပြောလာသည်။

“နားလည်မှု လွဲတာပါ၊ အားလုံးက နားလည်မှု လွဲသွားရုံပါ၊ ကျွန်မက အမတ်မင်းရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှာ စိုးတဲ့စိတ်နဲ့ပါ၊ တမင်ရည်ရွယ်တာ မဟုတ်ရပါဘူး၊ လူကြီးတစ်ယောက် အနေနဲ့ သက်ညှာပေးပါ၊ ကျွန်မ အနားယူဖို့ ပြန်လိုက်ပါဦးမယ်၊ နှုတ်ဆက်ပါတယ်”

အာဃာတပြန်တမ်းWhere stories live. Discover now