Part 52

3.7K 512 19
                                    

unicode
အပိုင်း (၅၂)

အမတ်လောင်းကို ပညာသားပါပါ ချော့မြူခြင်း

ရှောင်းယီ လက်ကိုင်ပုဝါကို ရေဇလုံထဲထည့်လိုက်ပြီးအေးစက်စွာ ...

"ယွိဝေ သခင်မလေး ၅ကို သူ့အခန်းထဲ ပြန်ပို့ပေးလိုက်"

ရှောင်းယီ က တည်ငြိမ်သည့်မျက်နှာထားနှင့် စာအုပ်ကိုဖွင့်ဖတ်နေလိုက်သဖြင့် နန်းပေါင်ရီ အံ့အားသင့်သွားရသည်။

သူမ အရိုက်ခံထားရသည်ကိုသိလျက်နှင့် နှစ်သိမ့်စကားတစ်ခွန်းပင် မပြော‌ပေး‌‌။

အမတ်လောင်းကြီးမှာ ငယ်စဉ်ကတည်းက အေးစက်စက်နိုင်လှသဖြင့် နောက်ပိုင်းတွင် လူ့အသက်များကို တန်ဖိုးမထား‌တော့‌ခြင်းဖြစ်သည်။

အကြောင်းပြချက်ရေရေရာရာမရှိဘဲ သူမအမှားဟုသာ တွေးလိုက်ပြီး မပျော်မရွှင်ဖြင့် အခန်းထဲသို့ပြန်လိုက်သည်။

ရှောင်းယီ စာရွက်များ လှန်လှောဖတ်ကြည့်နေသော်လည်း အာရုံစိုက်၍မရသဖြင့် စာအုပ်ကို လွှင့်ပစ်လိုက်ပြီး ...

"ရှီးခူ"

အနက်ရောင်ဝတ်စုံနှင့် ကိုယ်ရံတော်က လျင်မြန်စွာ ပေါ်လာသည်။

"သခင် ဘာများ ခိုင်းစေစရာရှိလို့ပါလဲ"

"ကျန်းယွမ့်ဝမ် ရဲ့ ညာဘက်လက်ကို သုံးစားမရအောင် သွားလုပ်လာခဲ့”

ရှီးခူ ရင်ထဲထိသွားသည်။

သခင်က သူ၏ညီမလေးကို အတော်ချစ်သည်။

သူ့သခင်က အစ်ကိုကောင်းတစ်ယောက်ပင်။

ရှီးခူ က စံအိမ်ဝင်ပေါက်ကိုလျှောက်သွားပြီးမှ သူ့လက်မောင်းကိုကိုင်ကာ ဆန်းစစ်ကြည့်နေရင်း ရုတ်တရက်လှည့်မေးလိုက်သည်။

"သခင် လက်ရဲ့ဘယ်နေရာကိုချိုးတာပိုကောင်းမလဲ လက်ကောက်ဝတ်လား တံတောင်ဆစ်လား ပခုံးလား"

ရှောင်းယီ က မပျော်ရွှင်သည့်ပုံစံဖြင့် ...

"ငါအခု တရားဝင်အရာရှိဖြစ်နေပြီဆိုတော့ အခုလို သွေးထွက်သံယိုတွေ လုပ်လို့ဘယ်ဖြစ်မလဲ"

ထောင့်စွန်းတွင်စာအုပ်ထိုင်ဖတ်နေသော ရှီးယန် က ...

"ရှီးခူ .. ငါတို့သခင်က ကြင်နာတတ်တဲ့အရာရှိတစ်ယောက် ဖြစ်နေပြီလေ ဘယ်လိုလုပ်ပြီး လူတစ်ယောက်ရဲ့လက်ကို ဖြတ်လိုက်လို့ဖြစ်မလဲ .. သခင်လေးပြောချင်တာက ကျန်းယွမ့်ဝမ် ရဲ့ညာဘက်လက်ကို စိတ်အေးအေးပညာသားပါပါနဲ့ သွေးထွက်သံယိုမဖြစ်စေဘဲ သုံးစားမရအောင်လုပ်ရမှာပေါ့"

အာဃာတပြန်တမ်းWhere stories live. Discover now