part 97

3.2K 363 10
                                    

unicode
အပိုင်း (၉၇)

ရှောင်းယီနဲ့ ဘယ်လိုလက်ထပ်ရမလဲ?

ရှောင်းယီသည် နန်းကွမ်၏ ဆီတဝင်းဝင်း ပေနေသည့်လက်နှင့် သူ့ကို စားဖို့တိုက်တွန်းနေသည့် ဝက်ပေါင်ကိုက်ထားသည့် ပါးစပ်ကို ကြည့်လိုက်သည်။  ကျောင်းကျောင်းမှာ ဒီလိုဖြစ်လာလိမ့်မည် ဆိုသည်ကို တွက်ဆထားဟန် ရသည်။

ဝေါယာဉ်ပေါ်မှ အခြေအနေသည် ဆန့်ကျင်ဘက်သို့ ကူးပြောင်းသွားသည်။ နန်းပေါင်ရီသည် ဝါးလိပ်ကို တင်လိုက်ပြီး လမ်းမပေါ်ကိုကြည့်ရင်း နန်းယန်အကြောင်းကို စဉ်းစားမိလိုက်သည်။ ရှချင်ချင်ကို စိတ်ရူးပေါက်နေရာမှ ရပ်သွားအောင် နန်းယန် ဘာများပြောလိုက်သလဲ? နန်းယန်သည် နောက်တစ်လှမ်းပြင်ဖို့ ကြံရွယ်နေသည်ဟု သူမ ခံစားမိနေသည်။

ထိုအချိန်တွင် နန်းယန်သည် ဆေးခန်းတွင် ဆေးထည့်နေပြီး သူမ၏ပါးပြင်မှ ယောင်ရမ်းနေသည့် အရာများ နောက်ဆုံး သက်သာသွားသည်။ သူမသည် ဝေါယာဉ်တစ်ခုကို ငှားလိုက်ပြီး ရှအိမ်တော်ကို သွားခဲ့သည်။ သူမ ရှချင်ချင်၏ အဆောင်ကို ဝင်ဝင်ချင်းမှာပဲ ကျောက်စိမ်းဖလား တစ်လုံးမှာ သူမဆီကို ပျံဝဲလာသည်။

သူမသည် ကျောက်စိမ်းဖလားကို ဖမ်းလိုက်ပြီး ဒေါသစိတ် မပြေသေးပဲ ပစ္စည်းများဖြင့် ကောက်ပေါက်နေသည့် ရှချင်ချင်ကို ကြည့်ရင်း ပြုံးလိုက်သည်။ သူမ ဖလားကို စားပွဲပေါ် တင်လိုက်ရင်း နူးညံ့သည့်အသံနဲ့ ပြောသည်။

“မမချင်ချင်၊ ညီမပြောခဲ့တယ်မှလား၊ မမက အခုလို နေမကောင်းနေတာတောင်မှ အမတ်မင်းနဲ့ လက်ထပ်ပြီး အမတ်မင်းကတော် ဖြစ်နိုင်တဲ့ နည်းလမ်းကို ညီမသိတယ်လို့လေ၊ ညီမတို့ အေးအေးဆေးဆေး ထိုင်ပြီး ပြောကြရအောင်၊ ဟုတ်ပြီလား”

ရှချင်ချင်မှာ မျက်နှာထား ပြောင်းသွားပြီး ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်ရင်း ပြောလာသည်။

“နင်ထပ်ပြီး မကောင်းသည့်အကြံတွေ ငါ့ကိုပေးရဲရင် ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်”

“မမချင်ချင်ကလည်း၊ စိတ်မပူပါနဲ့”

နန်းယန်သည် လက်ဖက်ရည် တစ်ခွက်ငှဲ့ပြီး ချင်ချင်ကို ကမ်းပေးရင်း ပြောသည်။

အာဃာတပြန်တမ်းWhere stories live. Discover now