Part 28

3.9K 436 1
                                    

အပိုင်း (၂၈)

အစ်ကို ၂ တော်ပါတော့

နန်းပေါင်ရီ ရိုးသားစွာပင် ပြန်ဖြေလေသည်။

"အဲဒီတုန်းက အုပ်အုပ်ကျက်ကျက်ဖြစ်သွားတာ ဒါကိုတွေးဖို့အချိန်တောင် မရလိုက်ဘူး"

ထို့အပြင် သူမသည် အတိတ်ဘဝတွင် မျက်နှာကိုဖျက်ဆီးခံရပြီး ဆိုးဝါးသည့်မျက်နှာနှင့်သာ သေဆုံးခဲ့ရသည်။ သူမ၏မိသားစု ဖျက်ဆီးခံရခြင်း၊ ဆင်းရဲချို့တဲ့သွားခြင်း၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကို သူမကိုယ်တိုင် တွေ့ကြုံခဲ့ရသဖြင့် သူမလှသည်ရုပ်ဆိုးသည်မှာ အရေးမကြီးတော့ပေ။

သူမအတွေးတစ်ခုပေါ်လာပြီး ရှောင်းယီ ကို ရုတ်တရက်မေးလေသည်။

"အစ်ကို ၂ .. တကယ်လို့ ညီမလေးရုပ်ဆိုးသွားရင် ညီမလေးကို မကြိုက်တော့ဘူးလား ဂရုမစိုက်ဘဲနေတော့မှာလား"

ရှောင်းယီ က ရယ်လိုက်ပြီး ...

"မင်းပြောတဲ့ပုံက ငါကပဲ မင်းကိုဂရုစိုက်တာကျနေတာပဲ"

စကားကို ချိုချိုသာသာမပြောတတ်သည့် အမတ်လောင်းကြောင့် နန်းပေါင်ရီ နှုတ်ခမ်းကိုက်လိုက်မိသည်။

"ဒီနေ့ကျောင်းမှာ ကျူးကျူး က ညီမလေးကိုမေးတယ် ... ကွန်ဖြူးရှပ်က ရုပ်ဆိုးနေတယ်ဆိုပေမယ့်လည်း ဝေ့မြို့စား လင်း ရဲ့ ဇနီးက ဘာကြောင့် သူ့ကိုချစ်ကြိုက်ရတာလဲ .. အစ်ကို ၂ ရှင်းပြပေးပါလား"

(ကွန်ဖြူးရှပ်နှင့် နန်းကျစ် တွေ့ဆုံခြင်း) မှာ သမိုင်းကြောင်းတွင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

သမိုင်းမှတ်တမ်းများအရ ဝေ့မြို့စား လင်း တွင် သခင်မ နန်းကျစ် ဟု အမည်ရသည့် ဇနီးတစ်ယောက် ရှိခဲ့သည်။ သူမက ကွန်ဖြူးရှပ်ကို စာတစ်စောင့်ပို့ကာ စကားတဆင့် ပါးလိုက်သည်။ နန်းကျစ် တောင်းဆိုသည်ကို ကွန်ဖြူးရှပ်က ငြင်းဆန်လိုက်သော်လည်း သူမ၏ တွေ့ဖူးချင်လာသည်။ သူတို့တွေ့ကြုံရန် အချိန်ကျလာသည့်အခါ သခင်မ နန်းကျစ် က ကန့်လန့်ကာနောက်တွင် ထိုင်နေပြီး ကွန်ဖြူးရှပ် က တံခါးမှတဆင့် ဝင်လာကာ သူမကို ဦးညွှတ်လိုက်သည်။ သခင်မ နန်းကျစ် ကလည်း ကန့်လန့်ကာနောက်မှ အရိုအသေပြုရင်း သူမ၏ကျောက်စိမ်းလက်ဝတ်ရတနာများမှာလည်း အသံမျိုးမျိုး ပေါ်ထွက်နေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now