Part 20

4.1K 524 35
                                    

အပိုင်း (၂၀)

အရှက်ရဖွယ် မင်္ဂလာပွဲ (၂)

နန်းယန် မျက်နှာ ဖြူဖျော့သွားလေသည်။

သူမအမေလည်း အခုမှလက်ထပ်ခါနီးမှာပင် နန်းပေါင်ရီ ကို သူမဆုံးမလိုက်လျှင် ထိုအဖြစ်ကို အများက ဘယ်လိုထင်မြင်ကြလေမလဲ။ သူမကဲ့သို့ မျိုးရိုးနိမ့်က အခွင့်ကောင်းယူနေသည်ကိုသာလျှင် ပြောဆိုရလွယ်ပေဦးမည်။

နန်းယန် မှာ ထိုညံ့ဖျင်းလှသောမိန်းကလေးတို့ကို ခေါ်ထုတ်သွားချင်လာသည်။ နန်းပေါင်ရီ က သူမအခက်တွေ့နေပုံကို ကျေနပ်စွာကြည့်နေပြီး အပြုံးတုနှင့်ပြုံးပြကာ ...

"ဒီနေ့အိမ်တော်က စည်ကားနေတာဆိုတော့ မမရဲ့သူငယ်ချင်းတွေကို အချိန်ပေးလိုက်ပါဦးနော် တာ့တာ"

သူမတို့အနားမှ နန်းပေါင်ရီ ရှောင်ထွက်လာပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မျက်နှာကိုထူပိန်းနေအောင်ပြင်ထားပြီး အရောင်စုံလင်စွာဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသမီးတစ်စု သူမထံလာနေကြသည်ကိုတွေ့လိုက်ရသည်။

ထိုအမျိုးသမီးတို့မှာ အမျိုးမျိုးကြည့်ရှုကြပြီး ပုံကြီးချဲ့ကာပြောဆိုလျက် အလွန်အကျွံချီးမွမ်းမြှောက်ပင့်ပြောဆိုနေကြသည်။

ကျန်းယွီ နှင့်ကျန်သောနှစ်ယောက်တို့လည်း အမျိုးသမီးကြီးတို့ထံပြေးသွားပြီး သူမတို့၏အမေတို့ကို ခေါ်လိုက်ကြသဖြင့် ထိုမိန်းမကြီးတို့မှာ မိန်းကလေး လျို ၏ သူငယ်ချင်းများဖြစ်လိမ့်မည်ဟု နန်းပေါင်ရီ သဘောပေါက်လိုက်သည်။

နန်းပေါင်ရီ က စိတ်မဝင်စားသောကြောင့် ရိုသေစွာခေါင်းညိတ်ပြီး နှုတ်ဆက်သည်ကို ကျန်းယွီ က မကျေမနပ်ဖြစ်ကာ ...

"နန်းပေါင်ရီ ငါ့အမေက သခင်မ လျို ရဲ့ သူငယ်ချင်းပဲ .. နင့်ထက်အကြီးကို ဒီလိုခေါင်းပဲညိတ်ပြရလား"

အာဃာတပြန်တမ်းWhere stories live. Discover now