Part 9

4.1K 524 2
                                    

အပိုင်း(၉)
ချေးများတဲ့သူ

အခန်းတစ်ခန်းလုံး ကျောက်မျက်ရတနာများဖြင့် ပြည့်နှင်နေသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ခမ်းနားလှသောရွှေရောင်တိမ်တိုက်ဟုပင် ထင်မှတ်ရလောက်သည်။

နန်းပေါင်ရီ လက်ဝတ်ရတနာတို့ကို တစ်ခုပြီးတစ်ခုယူကာစစ်ဆေးကြည့်နေသည်။ ပုလဲသေတ္တာမှာ သူမ၏အစ်ကိုကြီးက အရှေ့တရုတ်ပင်လယ်တွင် လုပ်ငန်းလုပ်နေရမှ သူမအတွက် လက်ဆောင်ဝယ်လာခြင်းဖြစ်သောကြောင့် သူမမရောင်းလို။

ကျောက်စိမ်းနှင့်လုပ်ထားသောဆံပင်အလှဆင်သည့် ရတနာတို့မှာလည်း အဒေါ် ၂က သူမ အသက် ၁၀နှစ်ပြည့်မွေးနေ့တွင် လက်ဆောင်ပေးထားခြင်းဖြစ်၍ မရောင်းချင်ပြန်။

မင်္ဂလာရှိလှသော အနီရောင်သန္တာကျောက်လက်ကောက်တို့မှာ သူမအဘွားကပေးထားသည့် အဘွား၏သတို့သမီးခန်းဝင်ပစ္စည်းဖြစ်နေပြန်သောကြောင့် သူမပို၍မရောင်းလိုပေ။

ရတနာတစ်ခုပြီးတစ်ခု စစ်ကြည့်သွားပြီးနောက် နောက်ခံအကြောင်းတို့ရှိနေခြင်းကြောင့် သူမရောင်းရန်ရတနာမတွေ့ပေ။

တစ်နာရီကြာပြီးနောက် ကြိုးတွဲလေးများပါသော ရွှေရောင်ဆံထိုးတစ်စုံကိုတွေ့လိုက်ရသည်။ ထိုဆံထိုးမှာ သူမ၏တွန့်တိုသောဖခင်မှပေးထားခြင်းဖြစ်ပြီး နန်းယန် တွင်လည်း တစ်စုံရှိသည်ဟု သူမကြားခဲ့သည်။ ထိုသို့သောအချစ်မျိုးသည် ထိန်းသိမ်းရန်မထိုက်တန်ဟုတွေးကာ ရောင်းရန်ရွေးထားလိုက်သည်။

ဟယ်ယဲ့ ကို အပေါင်ဆိုင်သို့သွားစေပြီးရောင်းခိုင်းလိုက်သည့်အခါ ရွှေစ ၅၀၀နှင့် ဝယ်နိုင်ကြောင်းပြောလေသည်။

"အခုထိ ရွှေစ ၈ထောင် လိုနေသေးတယ် ... မိန်းကလေး လျို ရဲ့အဖိုးအခက တော်တော်ကြီးတာပဲ"

နန်းပေါင်ရီ အကြည့်သည် မကြာသေးခင်ကဝယ်လာသော မင်ကျောက်အသစ်ပေါ် ကျရောက်သွားသည်။ အတိတ်ဘဝတွင် ရှောင်းယီ သည် အလွန်ချမ်းသာကြွယ်ဝခဲ့သည်။ အခုတွင် ဆင်းရဲသောမွေးစားသားတစ်ယောက်အနေနှင့် နေထိုင်ရသော်လည်း ကောင်းမွန်စွာ စီမံတတ်မှုကြောင့် သူ့တွင် ငွေအများအပြားရှိနိုင်လိမ့်မည်။

မင်ဖျော်ကျောက်ကို နန်းပေါင်ရီ ယူကာ နှင်းသီး ခြံထဲသို့ ပြေးသွားလေသည်။

"အစ်ကို ၂ ... ဒီမှာ အစ်ကို့အတွက် ညီမလေး လက်ဆောင်ယူလာတယ်"

နှင်းသီးပင်များနှင့် ထုံးကျောက်လမ်းလေးကို ဖြတ်သန်းလာပြီးနောက် ခြံကိုရင်းနှီးကျွမ်းဝင်နေပြီးဖြစ်သောကြောင့် စာလေ့လာနေသော ရှောင်းယီ ထံသို့ အမြန်ပြေးသွားလေသည်။ ရှောင်းယီ မှာ လည်ဝိုင်းသောဝတ်ရုံနက်ကိုဝတ်ဆင်ထားပြီး ပြတင်းပေါက်နားရှိ စာကြည့်စားပွဲတွင်ထိုင်ကာ စာလေ့လာနေသည်။

"အစ်ကို ၂ !"

နန်းပေါင်ရီ ချစ်စရာကောင်းသောအမူအရာနှင့် လှမ်းခေါ်ကာ မင်ကျောက်ကို လက်နှစ်ဖက်နှင့် သေချာကိုင်မြှောက်ပြီး ...

"ဒါလေးကို အစ်ကို့အတွက် ဟန့်လင်း လမ်းကနေ ဝယ်လာခဲ့တာ .. ဘယ်လိုလဲ ကြိုက်ရဲ့လား"

ရှောင်းယီ တစ်ချက်လှည့်ကြည့်လိုက်သည်။ မင်ကျောက်မှာ အရည်အသွေးကောင်းသဖြင့် ရွှေစ ၁ထောင် ပင် တန်လိမ့်မည်ဟု တွေးလိုက်သည်။ သို့သော် မိန်းကလေး၏မျက်လုံးထဲတွင် တစ်ခုခုကိုတက်ကြွနေဟန်တွေ့လိုက်သဖြင့် သူမဒီကို ကောင်းသောရည်ရွယ်ချက်နှင့် ရောက်လာခြင်းမဖြစ်နိုင်ပေ။

ရှောင်းယီ အကြည့်လွှဲလိုက်ပြီး ရုပ်တည်လျက် စာမျက်နှာတစ်ရွက်ကိုလှန်လိုက်ပြီး စာကိုသာဖတ်နေလိုက်သည်။

နန်းပေါင်ရီ စိတ်ဆိုးသွားသဖြင့် နှုတ်ခမ်းစူလိုက်သည်။ အနာဂတ်အမတ်လောင်းကို စိတ်ကျေနပ်အောင်လုပ်ရန် အလွန်ခက်ပြီး သူမကိုဘာကြောင့်လျစ်လျူရှုနေရတာလဲ။

ကံကောင်းသည်မှာ သူမသည် ခေါင်းမာလှသဖြင့် အမတ်လောင်းက လျစ်လျူရှုနေလျှင် သူမမမှုပေ။ ရှောင်းယီ ကို စိတ်ကျေနပ်အောင်လုပ်နိုင်နေသေးသရွေ့ သူမ တစ်နေ့လုံး တစ်ကိုယ်တော်ပြဇာတ်ကရသကဲ့သို့ဖြစ်နေလျှင်လည်း သူမ ပျော်ပါသည်။

စာအုပ်များခွဲထုတ်ပေးပြီး မင်ချောင်းကိုယူကာ မင်ဖျော်နေရင်းနှင့် ရှောင်းယီ ကို စကားစပြောလေသည်။

"ဒီနေ့က နေလို့ကောင်းတယ်နော် ... အစ်ကို ၂ စာမဖတ်ဘဲနဲ့ ကဗျာတွေရော ဘာလို့မရေးတာလဲ .. အစ်ကိုကတော်ပြီးသားဆိုတော့ အစ်ကို့ဆီက လက်ရာတစ်ခုခုရရင် ညီမအိပ်ရာဘေးနား ချိတ်ထားမှာ"

ရှောင်းယီ မျက်နှာ ရေခဲကဲ့သို့ အေးစက်နေလျက်ပင်။ ထိုမိန်းကလေးကို နောက်ဆုံးခြောက်လှန့်ခဲ့သည််မှာ ၃ရက်ပင် ကြာသွားခဲ့ပြီ။ သူမသည် အရင်ရက်များကဲ့သို့ သူ့ကိုမကြောက်လန့်တော့ပေ။ သူမပုံစံမှာ ရှောင်းယီ ကို ခြိမ်းခြောက်ရန်ရောက်လာသည့် ကြွက်ပေါက်စနှင့်တူနေသည်။

ရှောင်းယီ စာမျက်နှာကိုသာလှန်ဖတ်နေပြီး သူမကိုဥပက္ခာပြုနေသည်။ ရှောင်းယီ လက်ထဲမှစာအုပ်ကို နန်းပေါင်ရီ ဆွဲယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သဖြင့် သူမကို ရှောင်းယီ စိုက်ကြည့်လိုက်သည်။

နန်းပေါင်ရီ က လက်နှစ်ဖက်နှင့်မေးထောက်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် ချစ်စရာကောင်းစွာ ရယ်လိုက်ပုံမှာ ပန်းလေးတစ်ပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့လှသည်။

"အစ်ကို ၂ .. ညီမလေးအတွက် လက်ဆောင်လုပ်ပေးပါနော်"

ထိုကလေးမလေး၏ခေါင်းထဲ မည်သည့်အတွေးများရှိမလဲဟု ရှောင်းယီ သိချင်လာသည်။ ထို့ကြောင့် စုတ်တံကိုယူကာမင်စွတ်လိုက်ပြီး စက္ကူပေါ်တွင် လေးကြောင်းတစ်ပိုဒ်ကဗျာကို စရေးလေသည်။ နန်းပေါင်ရီ လည်း ရှောင်းယီ ရေးပြီးသည်အထိ ပြုံးကာ စောင့်နေလိုက်သည်။

"အစ်ကို ၂ .. မင်ကျောက်ကို သုံးရတာအဆင်ပြေလား"

"မဆိုးပါဘူး"

"ဒါကို ရွှေစ ၁သောင်းပေးပြီး ဝယ်ခဲ့ရတယ်"

ရှောင်းယီ လက်တို့ရပ်တန့်သွားသည်။

မင်ကျောက်လေးတစ်တုံးအတွက် ရွှေစ ၁သောင်း။

နန်း မိသားစု က ချမ်းသာပြီး သူမအလိုရှိရာသုံးစွဲနိုင်သောကြောင့် ထွေထွေထူးထူးရှိမည်မဟုတ်ပေ။

ရှောင်းယီ လက်ဆေးရန် စိတ်မပါစွာနှင့်ထသွားသဖြင့် နန်းပေါင်ရီ လည်း အနောက်မှလိုက်သွားပြီး ...

"အစ်ကို ၂ .. အဲဒီမင်တုံးကို အစ်ကို့အတွက်ဝယ်လာပေးတာ ရွှေစ ၁သောင်းတန်တယ်လို့ !"

ရှောင်းယီ လက်တို့ကိုအမြန်ခြောက်သွေ့အောင်လုပ်လိုက်ပြီး ...

"မင်းဘာကိုပြောချင်နေတာလဲ"

"ဆိုရိုးရှိတယ်မလား .. ကိုယ့်အပေါ်ကောင်းရင် ပြန်ကောင်းပေးရမယ်တဲ့ အစ်ကို့ကို ညီမတန်ဖိုးကြီးတဲ့မင်တုံးပေးထားတော့ အစ်ကိုလည်း ညီမကိုတစ်ခုခုပြန်ပေးရမှာပေါ့ ... ညီမလေးက ချေးများတဲ့သူနော် ရွှေစက္ကူ ၁သောင်း ပြန်ပေးပေါ့ .. ဟီးဟီး"

ရှောင်းယီ ပြောစရာစကားတို့ရှာမရဖြစ်သွားပြန်သည်။

ဟီးဟီးတဲ့။

ဒီမိန်းကလေး သူ့ကို ဒုက္ခပေးနေပြီ။

ရှောင်းယီ ထိုင်ခုံပေါ်ထိုင်ပြီး စာအုပ်ကိုဖွင့်ဖတ်ကာ ...

"ငါ ဒီမင်တုံးကို မလိုချင်တော့ဘူး"

"ဒါပေမယ့် အစ်ကို သုံးထားလိုက်ပြီလေ"

နန်းပေါင်ရီ အနည်းငယ်မာန်ဝင့်ကာ ချစ်စရာကောင်းစွာ လက်ခြောက်ချောင်းထောင်ပြပြီး ...

"အစ်ကို့ကို လျော့ပေးမယ် ရွှေစ ၆ထောင်ပဲပေး .. ကဏ္ဍ၆မျိုး အဆင်ပြေချောမွေ့အောင် .. ဘယ်လောက်မင်္ဂလာရှိလိုက်တဲ့နံပါတ်လဲ"

ရှောင်းယီ ၏ အေးစက်စက်အမူအရာကြောင့် နန်းပေါင်ရီ လက်နှစ်ချောင်းလျော့လိုက်ပြီး ...

"ဒါမှမဟုတ် ရွှေစ ၄ထောင်ဆိုရင်ရော .. ဥတုလေးမျိုးလုံး ကြွယ်ဝချမ်းသာမယ်"

ရှောင်းယီ စိတ်မပါစွာကြည့်နေသေးသည်။

"ဒါဆို ရွှေစ ၃ထောင် ... တစ်နေ့မှာ ၃ခါ မင်္ဂလာရှိစေဖို့"

"၃ထောင်မရရင် ရွှေစ ၂ထောင်ရော ... လက်ရှိရော အနာဂတ်ပါ မနိမ့်ကျဘဲ အသာလွန်ဆုံးဖြစ်ပါစေ"

"နောက်ဆုံးတစ်ခါလျော့ပေးမယ် ရွှေစ ၁၀၀၀ ရလား ... ဘဝတစ်လျှောက် ချောမွေ့ပြီး တစ်ကြိမ်တစ်ခါနဲ့ အောင်မြင်စေဖို့"

ရှောင်းယီ မျက်ခုံးတို့တွန့်ချိုးကာ မျက်ခုံးဆက်မှာလည်း တလှုပ်လှုပ်ဖြစ်လာသည်။ ဒီမိန်းကလေး ငွေကြေးဥစ္စာပြည့်ဝပါလျက်နှင့် ဘာကြောင့် ဒီလိုလုပ်နေရတာလဲ။ သူမ၏စကားပြောကောင်းခြင်းတို့ကို မဖြုန်းတီးသင့်ပေ။

ရှောင်းယီ စိတ်မရှည်တော့ဘဲ စာအုပ်ကိုပိတ်လိုက်ပြီး ...

"မင်းငွေလိုနေတာမလား"

နန်းပေါင်ရီ အပြစ်လုပ်ထားသော ကလေးတစ်ယောက်ကဲ့သို့ လက်ချောင်းများကိုဆော့ကစားနေပြီး ဝမ်းနည်းဟန်နှင့် ခေါင်းညိတ်ပြလေသည်။

နန်းပေါင်ရီ မဝံ့မရဲနှင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ ရှောင်းယီ မျက်ခုံးတို့မှာ တွန့်ချိုးလျက်ရှိနေသေးပြီး ထိုင်နေသည့်အနေအထားမှာ တည်ကြည်ပြီး ယုံကြည်အားထားနိုင်သည့် ခံစားချက်မျိုးရှိနေသည်။

ခဏတာတိတ်ဆိတ်နေပြီးနောက် ရှောင်းယီ ၏ ခြေထောက်ကို နန်းပေါင်ရီ ဖက်ကာ ကျယ်လောင်စွာ အော်ငိုလေတော့သည်။

"အစ်ကို ၂က ညီမကို မျောက်လိုပြုမူဖို့ပြောပေမယ့် ညီမမှာ ငွေမရှိတော့ ကြောင်ကိုထိန်းချုပ်လို့မရဘူးဖြစ်နေတယ် .. အစ်ကို ၂ ညီမမှာ မေမေမရှိတော့ဘူး မိထွေးသာအိမ်တော်ကိုရောက်လာရင် သူနဲ့ နန်းယန် က ညီမကို ကျိန်းသေပေါက်အနိုင်ကျင့်ကြပြီး ညီမပိုင်တာတွေကို အကုန်ယူသွားကြမှာ ... အစ်ကို ၂က တော်ပြီး လုပ်နိုင်စွမ်းလည်းရှိတော့ ညီမလေးကို ကူညီပေးပါနော် .. ညီမကြီးလာရင် အစ်ကို့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ပြန်ဆပ်ပါ့မယ်နော်"

မိန်းကလေး၏ သိမ်မွေ့လှပသောမျက်နှာလေးက မျက်ရည်များစိုရွှဲသွားပြီး ဘဝ၏ခက်ခဲသော နစ်နာခံရမှုများကို ခံစားထားရသကဲ့သို့ ခါးသီးစွာ ငိုကြွေးနေသည်။

သူမဟန်လုပ်ပြီးငိုနေသည်ကိုသိသော်လည်း ရှောင်းယီ စိတ်ဆိုးနေဆဲပင်။ ထိုမိန်းကလေးကို သူကိုယ်တိုင် အနိုင်ယူမည်ဟုစီစဉ်နေသဖြင့် ဘာကြောင့်များ အခြားသူက အနိုင်ယူရမှာလဲ။

"ဘယ်လောက်လိုတာလဲ"

ရှောင်းယီ အေးစက်စက်နှင့်မေးလေသည်။ နန်းပေါင်ရီ ခဏကြောင်သွားပြီးနောက် မျက်ရည်များသုတ်ကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် နွေဦးကျောက်စိမ်းခန်းမတွင် ဖြစ်ပျက်ခဲ့သည်တို့ကို ပြောပြလေသည်။

ရှောင်းယီ လက်ဆစ်ကို စားပွဲပေါ်အသာခေါက်နေပြီး သူ၏မျက်နှာမှာလည်း ခန့်မှန်းရခက်နေသည်။ မိန်းကလေး လျို ၏ စာချုပ်ကိုအသုံးပြုပြီး အခြေအနေကိုထိန်းချုပ်ရန်အတွက် သူမအမှန်တကယ်တွေးတောခဲ့ခြင်းကြောင့် ထိုမိန်းကလေး ဉာဏ်သိပ်မတုံးကြောင်း ပြသနေသည်။

ရှောင်းယီ လည်း စာအုပ်ကိုပြန်ဖွင့်လိုက်ပြီး ...

"ကိုယ့်အဆောင်ကိုပြန်တော့ .. မိန်းကလေး လျို ရဲ့ စာချုပ်ကို ရလိမ့်မယ်"

နန်းပေါင်ရီ စာဖတ်ခန်းထဲမှထွက်သွားပြီး နွေဦးအချိန်အခါကို ရှုစားကာ သူမအိပ်မက်မက်နေသည်ဟု ခံစားမိသည်။ သူမကို ခေါင်းကိုက်ခဲစေသည့်ငွေကြေးပြဿနာက အခုကဲ့သို့ ဖြေရှင်းနိုင်ခဲ့ပြီလား။ အမတ်လောင်းက တကယ်တော်တာပဲ။

ရှောင်းယီ ကို ပြန်ပေးဆပ်ရန်အတွကိ နန်းပေါင်ရီ တွေးနေချိန် မိန်းကလေးနှစ်ယောက်က သူတို့၏ပိုင်ဆိုင်မှုတို့ကိုယူလျက် နှင်းသီးခြံထဲ ဝင်သွားသည်ကိုတွေ့လိုက်ရသည်။

ထိုမိန်းကလေးတို့မှာ အလွန်လှပကာ ဆွဲဆောင်မှုရှိသည်။ သူမတို့သည် ရှောင်းယီ အတွက် အဒေါ် ကျိ ရွေးပေးထားသော မောင်းမများဖြစ်လိမ့်မည်
Zawgyi
အပိုင္း(၉)
ေခ်းမ်ားတဲ့သူ

အခန္းတစ္ခန္းလုံး ေက်ာက္မ်က္ရတနာမ်ားျဖင့္ ျပည့္ႏွင္ေနသည္။ ႐ုတ္တရက္ၾကည့္လိုက္လွ်င္ ခမ္းနားလွေသာေ႐ႊေရာင္တိမ္တိုက္ဟုပင္ ထင္မွတ္ရေလာက္သည္။

နန္းေပါင္ရီ လက္ဝတ္ရတနာတို႔ကို တစ္ခုၿပီးတစ္ခုယူကာစစ္ေဆးၾကည့္ေနသည္။ ပုလဲေသတၱာမွာ သူမ၏အစ္ကိုႀကီးက အေ႐ွ႕တ႐ုတ္ပင္လယ္တြင္ လုပ္ငန္းလုပ္ေနရမွ သူမအတြက္ လက္ေဆာင္ဝယ္လာျခင္းျဖစ္ေသာေၾကာင့္ သူမမေရာင္းလို။

ေက်ာက္စိမ္းႏွင့္လုပ္ထားေသာဆံပင္အလွဆင္သည့္ ရတနာတို႔မွာလည္း အေဒၚ ၂က သူမ အသက္ ၁၀ႏွစ္ျပည့္ေမြးေန႔တြင္ လက္ေဆာင္ေပးထားျခင္းျဖစ္၍ မေရာင္းခ်င္ျပန္။

မဂၤလာ႐ွိလွေသာ အနီေရာင္သႏၲာေက်ာက္လက္ေကာက္တို႔မွာ သူမအဘြားကေပးထားသည့္ အဘြား၏သတို႔သမီးခန္းဝင္ပစၥည္းျဖစ္ေနျပန္ေသာေၾကာင့္ သူမပို၍မေရာင္းလိုေပ။

ရတနာတစ္ခုၿပီးတစ္ခု စစ္ၾကည့္သြားၿပီးေနာက္ ေနာက္ခံအေၾကာင္းတို႔႐ွိေနျခင္းေၾကာင့္ သူမေရာင္းရန္ရတနာမေတြ႕ေပ။

တစ္နာရီၾကာၿပီးေနာက္ ႀကိဳးတြဲေလးမ်ားပါေသာ ေ႐ႊေရာင္ဆံထိုးတစ္စုံကိုေတြ႕လိုက္ရသည္။ ထိုဆံထိုးမွာ သူမ၏တြန္႔တိုေသာဖခင္မွေပးထားျခင္းျဖစ္ၿပီး နန္းယန္ တြင္လည္း တစ္စုံ႐ွိသည္ဟု သူမၾကားခဲ့သည္။ ထိုသို႔ေသာအခ်စ္မ်ိဳးသည္ ထိန္းသိမ္းရန္မထိုက္တန္ဟုေတြးကာ ေရာင္းရန္ေ႐ြးထားလိုက္သည္။

ဟယ္ယဲ့ ကို အေပါင္ဆိုင္သို႔သြားေစၿပီးေရာင္းခိုင္းလိုက္သည့္အခါ ေ႐ႊစ ၅၀၀ႏွင့္ ဝယ္ႏိုင္ေၾကာင္းေျပာေလသည္။

"အခုထိ ေ႐ႊစ ၈ေထာင္ လိုေနေသးတယ္ ... မိန္းကေလး လ်ိဳ ရဲ႕အဖိုးအခက ေတာ္ေတာ္ႀကီးတာပဲ"

နန္းေပါင္ရီ အၾကည့္သည္ မၾကာေသးခင္ကဝယ္လာေသာ မင္ေက်ာက္အသစ္ေပၚ က်ေရာက္သြားသည္။ အတိတ္ဘဝတြင္ ေ႐ွာင္းယီ သည္ အလြန္ခ်မ္းသာႂကြယ္ဝခဲ့သည္။ အခုတြင္ ဆင္းရဲေသာေမြးစားသားတစ္ေယာက္အေနႏွင့္ ေနထိုင္ရေသာ္လည္း ေကာင္းမြန္စြာ စီမံတတ္မႈေၾကာင့္ သူ႕တြင္ ေငြအမ်ားအျပား႐ွိႏိုင္လိမ့္မည္။

မင္ေဖ်ာ္ေက်ာက္ကို နန္းေပါင္ရီ ယူကာ ႏွင္းသီး ျခံထဲသို႔ ေျပးသြားေလသည္။

"အစ္ကို ၂ ... ဒီမွာ အစ္ကို႔အတြက္ ညီမေလး လက္ေဆာင္ယူလာတယ္"

ႏွင္းသီးပင္မ်ားႏွင့္ ထုံးေက်ာက္လမ္းေလးကို ျဖတ္သန္းလာၿပီးေနာက္ ျခံကိုရင္းႏွီးကြၽမ္းဝင္ေနၿပီးျဖစ္ေသာေၾကာင့္ စာေလ့လာေနေသာ ေ႐ွာင္းယီ ထံသို႔ အျမန္ေျပးသြားေလသည္။ ေ႐ွာင္းယီ မွာ လည္ဝိုင္းေသာဝတ္႐ုံနက္ကိုဝတ္ဆင္ထားၿပီး ျပတင္းေပါက္နား႐ွိ စာၾကည့္စားပြဲတြင္ထိုင္ကာ စာေလ့လာေနသည္။

"အစ္ကို ၂ !"

နန္းေပါင္ရီ ခ်စ္စရာေကာင္းေသာအမူအရာႏွင့္ လွမ္းေခၚကာ မင္ေက်ာက္ကို လက္ႏွစ္ဖက္ႏွင့္ ေသခ်ာကိုင္ေျမႇာက္ၿပီး ...

"ဒါေလးကို အစ္ကို႔အတြက္ ဟန္႔လင္း လမ္းကေန ဝယ္လာခဲ့တာ .. ဘယ္လိုလဲ ႀကိဳက္ရဲ႕လား"

ေ႐ွာင္းယီ တစ္ခ်က္လွည့္ၾကည့္လိုက္သည္။ မင္ေက်ာက္မွာ အရည္အေသြးေကာင္းသျဖင့္ ေ႐ႊစ ၁ေထာင္ ပင္ တန္လိမ့္မည္ဟု ေတြးလိုက္သည္။ သို႔ေသာ္ မိန္းကေလး၏မ်က္လုံးထဲတြင္ တစ္ခုခုကိုတက္ႂကြေနဟန္ေတြ႕လိုက္သျဖင့္ သူမဒီကို ေကာင္းေသာရည္႐ြယ္ခ်က္ႏွင့္ ေရာက္လာျခင္းမျဖစ္ႏိုင္ေပ။

ေ႐ွာင္းယီ အၾကည့္လႊဲလိုက္ၿပီး ႐ုပ္တည္လ်က္ စာမ်က္ႏွာတစ္႐ြက္ကိုလွန္လိုက္ၿပီး စာကိုသာဖတ္ေနလိုက္သည္။

နန္းေပါင္ရီ စိတ္ဆိုးသြားသျဖင့္ ႏႈတ္ခမ္းစူလိုက္သည္။ အနာဂတ္အမတ္ေလာင္းကို စိတ္ေက်နပ္ေအာင္လုပ္ရန္ အလြန္ခက္ၿပီး သူမကိုဘာေၾကာင့္လ်စ္လ်ဴ႐ႈေနရတာလဲ။

ကံေကာင္းသည္မွာ သူမသည္ ေခါင္းမာလွသျဖင့္ အမတ္ေလာင္းက လ်စ္လ်ဴ႐ႈေနလွ်င္ သူမမမႈေပ။ ေ႐ွာင္းယီ ကို စိတ္ေက်နပ္ေအာင္လုပ္ႏိုင္ေနေသးသေ႐ြ႕ သူမ တစ္ေန႔လုံး တစ္ကိုယ္ေတာ္ျပဇာတ္ကရသကဲ့သို႔ျဖစ္ေနလွ်င္လည္း သူမ ေပ်ာ္ပါသည္။

စာအုပ္မ်ားခြဲထုတ္ေပးၿပီး မင္ေခ်ာင္းကိုယူကာ မင္ေဖ်ာ္ေနရင္းႏွင့္ ေ႐ွာင္းယီ ကို စကားစေျပာေလသည္။

"ဒီေန႔က ေနလို႔ေကာင္းတယ္ေနာ္ ... အစ္ကို ၂ စာမဖတ္ဘဲနဲ႔ ကဗ်ာေတြေရာ ဘာလို႔မေရးတာလဲ .. အစ္ကိုကေတာ္ၿပီးသားဆိုေတာ့ အစ္ကို႔ဆီက လက္ရာတစ္ခုခုရရင္ ညီမအိပ္ရာေဘးနား ခ်ိတ္ထားမွာ"

ေ႐ွာင္းယီ မ်က္ႏွာ ေရခဲကဲ့သို႔ ေအးစက္ေနလ်က္ပင္။ ထိုမိန္းကေလးကို ေနာက္ဆုံးေျခာက္လွန္႔ခဲ့သည္္မွာ ၃ရက္ပင္ ၾကာသြားခဲ့ၿပီ။ သူမသည္ အရင္ရက္မ်ားကဲ့သို႔ သူ႕ကိုမေၾကာက္လန္႔ေတာ့ေပ။ သူမပုံစံမွာ ေ႐ွာင္းယီ ကို ၿခိမ္းေျခာက္ရန္ေရာက္လာသည့္ ႂကြက္ေပါက္စႏွင့္တူေနသည္။

ေ႐ွာင္းယီ စာမ်က္ႏွာကိုသာလွန္ဖတ္ေနၿပီး သူမကိုဥပကၡာျပဳေနသည္။ ေ႐ွာင္းယီ လက္ထဲမွစာအုပ္ကို နန္းေပါင္ရီ ဆြဲယူလိုက္ၿပီး စားပြဲေပၚတင္လိုက္သျဖင့္ သူမကို ေ႐ွာင္းယီ စိုက္ၾကည့္လိုက္သည္။

နန္းေပါင္ရီ က လက္ႏွစ္ဖက္ႏွင့္ေမးေထာက္ကာ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္လ်က္ ခ်စ္စရာေကာင္းစြာ ရယ္လိုက္ပုံမွာ ပန္းေလးတစ္ပြင့္ကဲ့သို႔ ႏူးညံ့သိမ္ေမြ႕လွသည္။

"အစ္ကို ၂ .. ညီမေလးအတြက္ လက္ေဆာင္လုပ္ေပးပါေနာ္"

ထိုကေလးမေလး၏ေခါင္းထဲ မည္သည့္အေတြးမ်ား႐ွိမလဲဟု ေ႐ွာင္းယီ သိခ်င္လာသည္။ ထို႔ေၾကာင့္ စုတ္တံကိုယူကာမင္စြတ္လိုက္ၿပီး စကၠဴေပၚတြင္ ေလးေၾကာင္းတစ္ပိုဒ္ကဗ်ာကို စေရးေလသည္။ နန္းေပါင္ရီ လည္း ေ႐ွာင္းယီ ေရးၿပီးသည္အထိ ျပဳံးကာ ေစာင့္ေနလိုက္သည္။

"အစ္ကို ၂ .. မင္ေက်ာက္ကို သုံးရတာအဆင္ေျပလား"

"မဆိုးပါဘူး"

"ဒါကို ေ႐ႊစ ၁ေသာင္းေပးၿပီး ဝယ္ခဲ့ရတယ္"

ေ႐ွာင္းယီ လက္တို႔ရပ္တန္႔သြားသည္။

မင္ေက်ာက္ေလးတစ္တုံးအတြက္ ေ႐ႊစ ၁ေသာင္း။

နန္း မိသားစု က ခ်မ္းသာၿပီး သူမအလို႐ွိရာသုံးစြဲႏိုင္ေသာေၾကာင့္ ေထြေထြထူးထူး႐ွိမည္မဟုတ္ေပ။

ေ႐ွာင္းယီ လက္ေဆးရန္ စိတ္မပါစြာႏွင့္ထသြားသျဖင့္ နန္းေပါင္ရီ လည္း အေနာက္မွလိုက္သြားၿပီး ...

"အစ္ကို ၂ .. အဲဒီမင္တုံးကို အစ္ကို႔အတြက္ဝယ္လာေပးတာ ေ႐ႊစ ၁ေသာင္းတန္တယ္လို႔ !"

ေ႐ွာင္းယီ လက္တို႔ကိုအျမန္ေျခာက္ေသြ႕ေအာင္လုပ္လိုက္ၿပီး ...

"မင္းဘာကိုေျပာခ်င္ေနတာလဲ"

"ဆို႐ိုး႐ွိတယ္မလား .. ကိုယ့္အေပၚေကာင္းရင္ ျပန္ေကာင္းေပးရမယ္တဲ့ အစ္ကို႔ကို ညီမတန္ဖိုးႀကီးတဲ့မင္တုံးေပးထားေတာ့ အစ္ကိုလည္း ညီမကိုတစ္ခုခုျပန္ေပးရမွာေပါ့ ... ညီမေလးက ေခ်းမ်ားတဲ့သူေနာ္ ေ႐ႊစကၠဴ ၁ေသာင္း ျပန္ေပးေပါ့ .. ဟီးဟီး"

ေ႐ွာင္းယီ ေျပာစရာစကားတို႔႐ွာမရျဖစ္သြားျပန္သည္။

ဟီးဟီးတဲ့။

ဒီမိန္းကေလး သူ႕ကို ဒုကၡေပးေနၿပီ။

ေ႐ွာင္းယီ ထိုင္ခုံေပၚထိုင္ၿပီး စာအုပ္ကိုဖြင့္ဖတ္ကာ ...

"ငါ ဒီမင္တုံးကို မလိုခ်င္ေတာ့ဘူး"

"ဒါေပမယ့္ အစ္ကို သုံးထားလိုက္ၿပီေလ"

နန္းေပါင္ရီ အနည္းငယ္မာန္ဝင့္ကာ ခ်စ္စရာေကာင္းစြာ လက္ေျခာက္ေခ်ာင္းေထာင္ျပၿပီး ...

"အစ္ကို႔ကို ေလ်ာ့ေပးမယ္ ေ႐ႊစ ၆ေထာင္ပဲေပး .. က႑၆မ်ိဳး အဆင္ေျပေခ်ာေမြ႕ေအာင္ .. ဘယ္ေလာက္မဂၤလာ႐ွိလိုက္တဲ့နံပါတ္လဲ"

ေ႐ွာင္းယီ ၏ ေအးစက္စက္အမူအရာေၾကာင့္ နန္းေပါင္ရီ လက္ႏွစ္ေခ်ာင္းေလ်ာ့လိုက္ၿပီး ...

"ဒါမွမဟုတ္ ေ႐ႊစ ၄ေထာင္ဆိုရင္ေရာ .. ဥတုေလးမ်ိဳးလုံး ႂကြယ္ဝခ်မ္းသာမယ္"

ေ႐ွာင္းယီ စိတ္မပါစြာၾကည့္ေနေသးသည္။

"ဒါဆို ေ႐ႊစ ၃ေထာင္ ... တစ္ေန႔မွာ ၃ခါ မဂၤလာ႐ွိေစဖို႔"

"၃ေထာင္မရရင္ ေ႐ႊစ ၂ေထာင္ေရာ ... လက္႐ွိေရာ အနာဂတ္ပါ မနိမ့္က်ဘဲ အသာလြန္ဆုံးျဖစ္ပါေစ"

"ေနာက္ဆုံးတစ္ခါေလ်ာ့ေပးမယ္ ေ႐ႊစ ၁၀၀၀ ရလား ... ဘဝတစ္ေလွ်ာက္ ေခ်ာေမြ႕ၿပီး တစ္ႀကိမ္တစ္ခါနဲ႔ ေအာင္ျမင္ေစဖို႔"

ေ႐ွာင္းယီ မ်က္ခုံးတို႔တြန္႔ခ်ိဳးကာ မ်က္ခုံးဆက္မွာလည္း တလႈပ္လႈပ္ျဖစ္လာသည္။ ဒီမိန္းကေလး ေငြေၾကးဥစၥာျပည့္ဝပါလ်က္ႏွင့္ ဘာေၾကာင့္ ဒီလိုလုပ္ေနရတာလဲ။ သူမ၏စကားေျပာေကာင္းျခင္းတို႔ကို မျဖဳန္းတီးသင့္ေပ။

ေ႐ွာင္းယီ စိတ္မ႐ွည္ေတာ့ဘဲ စာအုပ္ကိုပိတ္လိုက္ၿပီး ...

"မင္းေငြလိုေနတာမလား"

နန္းေပါင္ရီ အျပစ္လုပ္ထားေသာ ကေလးတစ္ေယာက္ကဲ့သို႔ လက္ေခ်ာင္းမ်ားကိုေဆာ့ကစားေနၿပီး ဝမ္းနည္းဟန္ႏွင့္ ေခါင္းညိတ္ျပေလသည္။

နန္းေပါင္ရီ မဝံ့မရဲႏွင့္ ေခါင္းေမာ့ၾကည့္လိုက္သည့္အခါ ေ႐ွာင္းယီ မ်က္ခုံးတို႔မွာ တြန္႔ခ်ိဳးလ်က္႐ွိေနေသးၿပီး ထိုင္ေနသည့္အေနအထားမွာ တည္ၾကည္ၿပီး ယုံၾကည္အားထားႏိုင္သည့္ ခံစားခ်က္မ်ိဳး႐ွိေနသည္။

ခဏတာတိတ္ဆိတ္ေနၿပီးေနာက္ ေ႐ွာင္းယီ ၏ ေျခေထာက္ကို နန္းေပါင္ရီ ဖက္ကာ က်ယ္ေလာင္စြာ ေအာ္ငိုေလေတာ့သည္။

"အစ္ကို ၂က ညီမကို ေမ်ာက္လိုျပဳမူဖို႔ေျပာေပမယ့္ ညီမမွာ ေငြမ႐ွိေတာ့ ေၾကာင္ကိုထိန္းခ်ဳပ္လို႔မရဘူးျဖစ္ေနတယ္ .. အစ္ကို ၂ ညီမမွာ ေမေမမ႐ွိေတာ့ဘူး မိေထြးသာအိမ္ေတာ္ကိုေရာက္လာရင္ သူနဲ႔ နန္းယန္ က ညီမကို က်ိန္းေသေပါက္အႏိုင္က်င့္ၾကၿပီး ညီမပိုင္တာေတြကို အကုန္ယူသြားၾကမွာ ... အစ္ကို ၂က ေတာ္ၿပီး လုပ္ႏိုင္စြမ္းလည္း႐ွိေတာ့ ညီမေလးကို ကူညီေပးပါေနာ္ .. ညီမႀကီးလာရင္ အစ္ကို႔အေပၚ ေကာင္းေကာင္းမြန္မြန္ဆက္ဆံၿပီး ျပန္ဆပ္ပါ့မယ္ေနာ္"

မိန္းကေလး၏ သိမ္ေမြ႕လွပေသာမ်က္ႏွာေလးက မ်က္ရည္မ်ားစို႐ႊဲသြားၿပီး ဘဝ၏ခက္ခဲေသာ နစ္နာခံရမႈမ်ားကို ခံစားထားရသကဲ့သို႔ ခါးသီးစြာ ငိုေႂကြးေနသည္။

သူမဟန္လုပ္ၿပီးငိုေနသည္ကိုသိေသာ္လည္း ေ႐ွာင္းယီ စိတ္ဆိုးေနဆဲပင္။ ထိုမိန္းကေလးကို သူကိုယ္တိုင္ အႏိုင္ယူမည္ဟုစီစဥ္ေနသျဖင့္ ဘာေၾကာင့္မ်ား အျခားသူက အႏိုင္ယူရမွာလဲ။

"ဘယ္ေလာက္လိုတာလဲ"

ေ႐ွာင္းယီ ေအးစက္စက္ႏွင့္ေမးေလသည္။ နန္းေပါင္ရီ ခဏေၾကာင္သြားၿပီးေနာက္ မ်က္ရည္မ်ားသုတ္ကာ မတ္တပ္ရပ္လိုက္သည္။ ထို႔ေနာက္ ေႏြဦးေက်ာက္စိမ္းခန္းမတြင္ ျဖစ္ပ်က္ခဲ့သည္တို႔ကို ေျပာျပေလသည္။

ေ႐ွာင္းယီ လက္ဆစ္ကို စားပြဲေပၚအသာေခါက္ေနၿပီး သူ၏မ်က္ႏွာမွာလည္း ခန္႔မွန္းရခက္ေနသည္။ မိန္းကေလး လ်ိဳ ၏ စာခ်ဳပ္ကိုအသုံးျပဳၿပီး အေျခအေနကိုထိန္းခ်ဳပ္ရန္အတြက္ သူမအမွန္တကယ္ေတြးေတာခဲ့ျခင္းေၾကာင့္ ထိုမိန္းကေလး ဉာဏ္သိပ္မတုံးေၾကာင္း ျပသေနသည္။

ေ႐ွာင္းယီ လည္း စာအုပ္ကိုျပန္ဖြင့္လိုက္ၿပီး ...

"ကိုယ့္အေဆာင္ကိုျပန္ေတာ့ .. မိန္းကေလး လ်ိဳ ရဲ႕ စာခ်ဳပ္ကို ရလိမ့္မယ္"

နန္းေပါင္ရီ စာဖတ္ခန္းထဲမွထြက္သြားၿပီး ေႏြဦးအခ်ိန္အခါကို ႐ႈစားကာ သူမအိပ္မက္မက္ေနသည္ဟု ခံစားမိသည္။ သူမကို ေခါင္းကိုက္ခဲေစသည့္ေငြေၾကးျပႆနာက အခုကဲ့သို႔ ေျဖ႐ွင္းႏိုင္ခဲ့ၿပီလား။ အမတ္ေလာင္းက တကယ္ေတာ္တာပဲ။

ေ႐ွာင္းယီ ကို ျပန္ေပးဆပ္ရန္အတြကိ နန္းေပါင္ရီ ေတြးေနခ်ိန္ မိန္းကေလးႏွစ္ေယာက္က သူတို႔၏ပိုင္ဆိုင္မႈတို႔ကိုယူလ်က္ ႏွင္းသီးျခံထဲ ဝင္သြားသည္ကိုေတြ႕လိုက္ရသည္။

ထိုမိန္းကေလးတို႔မွာ အလြန္လွပကာ ဆြဲေဆာင္မႈ႐ွိသည္။ သူမတို႔သည္ ေ႐ွာင္းယီ အတြက္ အေဒၚ က်ိ ေ႐ြးေပးထားေသာ ေမာင္းမမ်ားျဖစ္လိမ့္မည္။

အာဃာတပြန်တမ်းWhere stories live. Discover now