part 72

3.2K 394 2
                                    

unicode
အပိုင်း (၇၂)

အချစ်ကြီးသော အမတ်ကြီး

"ဘယ်လို ရတနာကိုမှ မလိုချင်ပါဘူး။ သခင်မလေးကို အိမ်တော်ရဲ့ သခင်မလေး ပီပီသသ ပြုမူနေထိုင်တာပဲ ဖြစ်စေချင်ပါတယ်။ မကြာခင် ချန်း အိမ်တော်နဲ့ လက်ထပ်ရတော့မှာလေ"

လာပြန်ပြီ အဲဒီမိသားစု။နန်းပေါင်ရီ မျက်နှာကို သန့်စင်လိုက်ကာ စာရွက်များကိုယူလျက် ...

"နွေဉီးကျောက်စိမ်းခန်းမဆီ သွားရအောင်"

ထိုခန်းမဆီသို့ နန်းပေါင်ရီ ရောက်သွားသောအခါ
တံခါးဖွင့်လိုက်သည်နှင့် ချက်ချင်း တန်ဖိုးကြီး ရနံ့စူးလှသော သေရည်အနံ့ကို ရလိုက်လေသည်။

နန်းပေါင်ရီ စာရွက်အထပ်လိုက်ကို တင်ကာ ..

"သူဌေး ဟန်နဲ့ လုပ်ငန်းကိစ္စ ဆွေးနွေးဖို့ ရောက်လာတာပါ"

သူမ အသေးစိတ်ကို ရှင်းပြနေပြီး ဟန်ယန့်လျန်က စာရွက်ကိုဖတ်ရင်း နားထောင်ကာ ပြောမိလေသည်။

"ဒီဇာတ်လမ်းက အတော်ဆိုးပြီး ယုတ္တိလည်း မရှိဘူး။ နာမည်က ဘာတဲ့လဲ"

နန်းပေါင်ရီက ယုံကြည်မှုအပြည့်ဖြင့် ...

"အချစ်ကြီးတဲ့ အမတ်ကြီး"

ဟန်ယန့်လျန် မျက်ခုံးကို ပင့်တင်ကာ ...

"ဒါမျိုးက တကယ်အသစ်ပဲ။ ကျွန်မတို့လည်း ဘာမှလုပ်စရာ မရှိသေးတော့ ကြိုးစားကြည့်တာပေါ့။ တကယ်လို့ ငွေတွေရလာရင် တစ်ဝက်စီ ခွဲယူကြမယ်"

၁၀ ရက်ကြာပြီးနောက် နွေဉီးကျောက်စိမ်းခန်းမတွင်
ပြဇာတ်အသစ်တစ်ခု ပြသခဲ့လေသည်။ထိုသို့သော ဇာတ်ကြောင်းဝတ္ထုနှင့် ပြဇာတ်ကို ကျင်ကွမ်း မြို့သူမြို့သားများ တစ်ခါမှပင် မတွေ့ဖူးပေ။ ရက်အနည်းငယ် အတွင်းမှာပင် နွေဉီးကျောက်စိမ်းခန်းမ၏ ပြဇာတ်အသစ်မှာ အလွန် စိတ်ဝင်စားဖွယ် ကောင်းကြောင်း တစ်မြို့လုံးသို့ သတင်းပြန့်သွားလေသည်။

တစ်ချိန်တည်းမှာပင် အချစ်ကြီးသောအမတ်ကြီး အကြောင်း စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။ ခေတ်အခါမှာလည်း ပွင့်ပွင့်လင်းလင်းရှိသဖြင့် ထိုသို့သော
အချစ်ဇာတ်လမ်းကို နိုင်ငံတော်က ပိတ်ပင်မည် မဟုတ်ပေ။

အာဃာတပြန်တမ်းWhere stories live. Discover now