Part 74

3.3K 387 1
                                    

unicode
အပိုင်း (၇၄)

ရှင်းပစ်ရမည်

"အို ..!"

ဟန်ယန့်လျန် စိတ်ဝင်စားသွားသည်။

"သခင်မလေးက ဘယ်လိုတွေးထားတာလဲ"

နန်းပေါင်ရီ ပြုံးလိုက်ပြီး ...

"နွေဦးကျောက်စိမ်းခန်းမက လူပေါင်းစုံရှိတော့ သတင်းတွေကြားရဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ .. သတင်းတွေကို ရောင်းလို့ရမယ်ထင်လား"

သခင်မ လျို ၏ ကိုယ်ဝန်အကြောင်း စသည့် သတင်းလိုအပ်သူများထံ ဈေးကြီးပေးကာ ရောင်းမည်ဖြစ်သည်။

လွန်ခဲ့သောအချိန်က ထိုလုပ်ငန်းကိုစတင်ခဲ့သူမှာ ပိုင်ရှောင်ရှန်း ဖြစ်ပြီး အလွန်ရှုပ်ထွေးကျယ်ပြန့်သော ဆက်ဆံရေးရှိရန် လိုအပ်သဖြင့် မည်သူမျှ ကြာရှည်မလုပ်ကိုင်ခဲ့ပေ။

သို့သော် နွေဦးကျောက်စိမ်းခန်းမက ထူးခြားသဖြင့် မဖြစ်နိုင်ခြင်းမရှိပေ။

ဟန်ယန့်လျန် ပြုံးကာ သဘောတူလိုက်ပြီးနောက် တစ်ခုခုကိုတွေးမိသွားဖြင့် အဓိပ္ပါယ်ပါပါနှင့် ပြုံးလိုက်လေသည်။

တဖြည်းဖြည်းညနက်သဖြင့် နန်းကွမ် မှာလည်း အပြင်ဘက်တွင် ကြာကြာမနေရဲသောကြောင့် အိမ်တော်ထဲသို့ လျို့ဝှက်စွာပြန်လာခဲ့လေသည်။

သခင်မ လျို က အိမ်တံခါးကိုမှီလျက် နန်းကွမ် ထွက်သွားသည်ကို ပြုံးကာကြည့်နေလေသည်။ သူမ၏မြင်ကွင်းမှ နန်းကွမ် ပျောက်သွားသည်နှင့် သူမမျက်နှာပေါ်မှ အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားလေသည်။

သခင်မ စုန့် အသက်ရှင်စဉ်ကလည်း သခင်ကြီးမှာ အပြင်ဘက်တွင် ညမအိပ်ရဲပေ။

နောက်ပိုင်းတွင် သခင်မ စုန့် မရှိတော့သဖြင့် သခင် နန်း နှင့် ပွင့်လင်းစွာ နေထိုင်ဆက်ဆံရလိမ့်မည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်စွာပင် ပျော်ပျော်ရွှင်ရွှင်မနေထိုင်ရသည့်အပြင် နန်းပေါင်ရီ ကလည်း သူမလမ်းကြောင်းကို နှောင့်ယှက်လာပြန်သည်။

သခင် နန်း က သူမကိုနှစ်သက်သည်မှာ အထင်အရှားပင်။ သို့သော် ကောင်းမွန်သောနောက်ခံနှင့် သခင်မကြီး၏ အသိအမှတ်မပြုခြင်းတို့ကြောင့် သူမသည် အပြင်လူတစ်ယောက်ပင်ဖြစ်နေရပြီး ဈေးထဲမှနှိမ့်ကျသူကပင် သူမကို အထင်သေးစွာ ကြည့်ခဲ့သည်။

အာဃာတပြန်တမ်းWhere stories live. Discover now