part 78

3.2K 412 14
                                    

unicode
အပိုင်း (၇၈)

ဒုက္ခိတဖြစ်သွားသည့်အစ်ကို ၂

ရှချင်ချင် ရွံရှာမုန်းတီးဟန်ဖြင့် ကြည့်လိုက်သည်။

နန်းပေါင်ရီ ကဲ့သို့ လူတစ်ယောက်က ကိုယ့်ကိုယ်ကို ပညာတတ်ဟု ခေါ်ဝံ့သည်လား။

ရှချင်ချင် သူမအင်္ကျီလက်ကို ဆောင့်ချလိုက်ပြီး နန်းပေါင်ရီ အနား လူသူကင်းသည့်အချိန်ကို စောင့်ကာ ခြေဆောင့်နင်းလျက် နန်းပေါင်ရီ ရှေ့သို့ရောက်လာပြီး သူမအင်္ကျီလက်ကို ဆွဲတင်လိုက်လေသည်။

သူမ၏သွယ်လျသောလက်မောင်းမှာ ဖြူဝင်းကာ သန့်စင်နေသည်။

ရှချင်ချင် မယုံကြည်နိုင်ဖြစ်သွားသည်။

သူမကို ပြန်ပေးဆွဲရန် လှည်းမှူးနှင့် ရှပေါဝမ် ကို သေချာပေါက်မှာကြားခဲ့သည်။ ဘာကြောင့်များ ထိုနှစ်ယောက်က ပျောက်ဆုံးနေပြီး နန်းပေါင်ရီ က ဒဏ်ရာပင်မရဘဲ သူမရှေ့မှာ အကောင်းပကတိအတိုင်း ရပ်နေနိုင်ရတာလဲ။

နန်းပေါင်ရီ သူမဝတ်ရုံကို ပြန်ဆွဲလိုက်ပြီး ...

"သခင်မလေး ရှ .. ဒါဘာလုပ်တာလဲ ... နင့်ရဲ့အစ်ကိုကို တွေ့မတွေ့မေးနေတဲ့အပြင် ငါ့ကိုလည်း စစ်ဆေးနေသေးတယ် .. မသိတဲ့လူတွေမြင်ရင် ငါ့ကို တစ်ခုခုလုပ်ဖို့ နင့်အစ်ကိုဝမ်းကွဲကို ခိုင်းထားတယ်လို့ ထင်ကုန်လိမ့်မယ်"

"နင် အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ .. ငါအဲဒီလိုမလုပ်ခဲ့ဘူး !"

ရှချင်ချင် အမြန်ပင်ငြင်းဆန်လေသည်။

သူမတို့စကားပြောနေကြချိန် စင်္ကြံလမ်းပေါ်မှ ခြေသံကိုကြားလိုက်ရသည်။

နန်းပေါင်ရီ လည်း လှည့်ကြည့်လိုက်ပြီး ရှ အိမ်တော်မှ လူများလည်း ရောက်လာသော အရာရှိလူငယ်တစ်ယောက်ကို အကဲခတ်နေလေသည်။

ထိုအရာရှိမှာ ဒုတိယအဆင့်ရာထူးရှိသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာအသားအရေမှာလည်း အချိုးအစားမျှတကာ သွားများလည်းဖြူဖွေးနေသဖြင့် အလွန်ပင်ခန့်ညားနေသည်။

လူငယ်၏ခါးပေါ်ရှိ ရှန့်ဖန်း ဟု စာလုံးနှစ်လုံးရေးထွင်းထားသော ဓါးတစ်လက်က လူအများအကြည့်ကို ဆွဲဆောင်ဖမ်းစားထားလေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now