part 110

3K 306 9
                                    

unicode

အပိုင်း (၁၁၀)

အထင်မြင်သေးခံရသည့် အရသာ

နန်းပေါင်ရီ၏ မီးငှက်သဏ္ဌာန် မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ ဟုတ်သည်။ သူမမှာ သာမာန် မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း ရှန်းသခင်လေးမှာ ဒီလို အခွင့်အာဏာမျိုးကို ပေးခွင့်မရှိ။

‘ဘာကြောင့် သူမက အချက် ၂၀ အရိုက်ခံရမှာလဲ’

ဒါက သူမရဲ့အိမ်တော်လေ။ ကျာပွတ်ကို ကိုင်ထားသည့် အစေခံကို ကြည့်ရင်း သူမသည် စိတ်ကြီးဝင်နေစဉ်တွင် ရှောင်းယီသည် သူမ၏လည်ပင်းကို နောက်က တို့ထိလိုက်တာကြောင့် သူမ ထခုန်လိုက်မိသည်။

သူ၏မျက်နှာမှာ အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်းနေပြီး သူ၏မျက်လုံးများက အနည်းငယ် ပြုံးနေဟန်ရသည်။ သူ့ကို ပထမဆုံး အကြိမ်အဖြစ် ကာကွယ်ပေးနိုင် လိုက်တာကြောင့် သူမ ပျော်ရွှင်သွားသည်။

သူက တည်တည်ငြိမ်ငြိမ် ပြောလာသည်။

“ဒီဧည့်သည်ကို ငါခေါ်ထားတာလေ၊ မင်းက ဘာလို့ အော်နေတာလဲ”

နန်းပေါင်ရီက မကျေနပ်ဘဲ ချက်ချင်း ပြန်ပြောသည်။

“အစ်ကို ၂၊ သူက ကျွန်မတို့ အိမ်ကိုလာတဲ့ အပြင်လူပဲ၊ သူအစ်ကို့ကို ဘာမှ လုပ်လို့မရဘူး၊ သူက ကျွန်မတို့ကို ရိုက်ချင်နေတာ၊ သူ့သဘောအတိုင်း ဖြစ်ခွင့်မပေးနိုင်ဘူး”

“ငါနဲ့သာဆိုရင် မင်းကို ဘယ်သူမှ မရိုက်ရဲစေရဘူး”

ရှောင်းယီသည် သူမ၏ခေါင်းလေးကို ထိလိုက်ပြီး ဆက်ပြောသည်။

“ဒီကိုတစ်ယောက်လာဦး၊ သခင်မလေး ၅ ကို ဆုန်းဟယ့်ခြံ ပြန်ပို့လိုက်”

ရှန်းရိချောင်၏ မျက်လုံးများက အေးစက်သွားသည်။

“မင်းက သူ့ကို မျက်နှာသာ ပေးလိုက်တာလား”

“ဘက်လိုက်တယ်ဆိုတာ ဘာလဲ”

လက်နက်နှင့် လူများ ဝိုင်းရံထားသလို လေထု၏ မငြိမ်မသက် အခြေအနေကြောင့် ကန့်လန့်ကာ နောက်မှာ ပုန်းနေသည့် ကျန်းဆွေ့ဟန်သည် ယပ်တောင် တစ်ချောင်းကိုကိုင်ပြီး စိတ်သက်သာရာ ရစေရန် တဟားဟားရယ်လျက် အခြေအနေကို ဖြန်ဖြေလိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now