part 169

2.2K 307 8
                                    

Unicode
အပိုင်း (၁၆၉)
ဧကရာဇ်ကျင်းဝူ၏မိဖုရား

သူက လက်ကိုင်ပဝါကို ရေဆွတ်လိုက်ပြီး နန်းပေါင်ရီ၏ မေးဖျားလေးကို ပင့်မော့လိုက်သည်။ သူမ မျက်နှာပေါ်က အဆီပြန်နေတာတွေကို သူက ဂရုတစိုက်နဲ့ သုတ်ပေးနေသည်။

နန်းပေါင်ရီက ထူးထူးခြားခြား ဣန္ဒြေရနေပြီး မျက်လုံးတွေကို မှိတ်၍ သူ၏ဂရုစိုက်မှုကို ခံယူနေသည်။

သူမက တိုးလျလျဖြင့် “အစ်ကို ၂ ရော မသိချင်ဘူးလား၊ ညီမလေးက လျိုဒုန်ဖန်ကို ဘယ်လို သတ်ခဲ့လဲ ဆိုတာ”

ရှောင်းယီက သူမ၏ဆန္ဒကို လိုက်လျောစွာနဲ့ “ဘယ်လိုသတ်ခဲ့လဲ”

နန်းပေါင်ရီက ပြောဖို့အတွက်  အားယူလိုက်ပြီး အနည်းငယ် ကို့ရို့ကားရား နိုင်နေဟန်နဲ့ “အစ်ကို ၂၊ အစ်ကို့အမြင်မှာ ညီမလေးက ဉာဏ်ကောင်းပြီး အင်အားရှိတယ်လို့ ထင်လား”

“အင်း… နန်းကျောင်းကျောင်းက အရမ်းဉာဏ်ကောင်းပြီး အင်အားရှိတာပေါ့”

နန်းပေါင်ရီက သဘောမကျဟန်နဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။ ဒီလိုပြန်ဖြေတာက အရမ်းကို ဝတ်ကျေတန်းကျေ နိုင်မနေဘူးလား

သူမက ရန်တွေ့လိုက်သည်။

“အစ်ကို ၂၊ ပြဇာတ်ရုံက ညီမလေးရဲ့ လုပ်ရပ်တွေက အစ်ကို့ရဲ့ အမြင်မှာ ဘာမှ ထူးခြားတာ မရှိဘူးလား”

ရှောင်းယီက လက်ကိုင်ပဝါကို ရေနဲ့ ဆေးကြောလိုက်သည်။

သူက တည်ကြည်စွာနဲ့ “ရှိတာပေါ့”

နန်းပေါင်ရီ၏ မျက်ခုံးတွေက ချက်ချင်း မြင့်တက်သွားပြီး စိတ်လှုပ်ရှား သွားတော့သည်။

“ဘယ်နေရာကလဲ၊ ညီမလေး၏ နည်းဗျူဟာလား စကားပြော ကောင်းတာကလား”

ရှောင်းယီက သူမ၏မေးဖျားလေးကို ဖျစ်ညှစ်လိုက်ပြီး သူမ၏ နှုတ်ခမ်းပေါ်က အဆီတွေကို နည်းနည်းချင်း သုတ်ပေးနေသည်။

သူက မျက်လုံးတွေကို စိုက်ချလိုက်ပြီး ပြုံးရင်း “ကလေးကိုးယောက် မွေးတဲ့အခန်းကို သရုပ်ဆောင် နေတုန်းက”

နန်းပေါင်ရီ “…”

ရှောင်းယီက သူ၏အကြည့်တွေကို နေရာလွှဲလိုက်ပြီး သူမ၏ နူးညံ့အိစက်နေသည့် နှုတ်ခမ်းလေးတွေကို ကြည့်နေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now