part 73

3.2K 399 2
                                    

unicode

အပိုင်း (၇၃)

ကိုယ်လေးလက်ဝန်

ဟန်ယန့်လျန်က ပျင်းတွဲစွာဖြင့် ...
"လွန်ခဲ့တဲ့ ၂ ရက်က နန်းယန်နဲ့ လျိုရှောင်မုံ့တို့ ဒီကိုလာပြီး ပြဇာတ် လာကြည့်သွားတယ်။ နန်းယန်က သူကိုယ်တိုင် နန်း အိမ်တော်ရဲ့ ပိုးစာပင်တွေကို အခက်ကြုံအောင်လုပ်ဖို့ အကြံပေးခဲ့တယ်လို့ ပြောနေတာ ကြားလိုက်တယ်၊ ဒီကိစ္စမှာ ကျန်း မိသားစုနဲ့ ရှ မိသားစုတို့ ပါပေမယ့် သက်သေ အလုံအလောက်မရှိတော့ တရားရုံးကို တိုင်တန်းလို့ မရဘူး"

နန်းပေါင်ရီ ငွေစာရင်းစာအုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုကိစ္စမှာ နန်းယန်၏ အကြံဉာဏ် ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။နန်းယန်နှင့် သခင်မလျို၏ အစားအသောက်၊ အဝတ်အထည်၊ အသုံးစရိတ်များနှင့် နန်းယန် အစ်ကိုဖြစ်သူ၏ ကျောင်းတက်ရန် လိုအပ်သည့်
ငွေကြေးများမှာ နန်း အိမ်တော်၏ ငွေကြေးများ ဖြစ်ပါလျက်နှင့် သူမဘာကြောင့် မျက်နှာပြောင်တိုက်ပြီး ဒီလိုအကြံမျိုး တွေးတောနိုင်ရတာလဲ။

အတိတ်ဘဝတွင်ရော ယခုဘဝတွင်ပါ နန်းယန်မှာ အလွန်မုန်းတီးစရာ ကောင်းလှသည်။နန်းပေါင်ရီ မတ်တပ်ရပ်ကာ အေးစက်သော မျက်နှာထားနှင့် လှည့်ထွက်လာခဲ့လေသည်။ဟန်ယန့်လျန် မျက်ခုံးပင့်လိုက်ပြီး ...

"သခင်မလေး ဘယ်သွားမလို့လဲ"

"နန်းယန်ကို သွားတွေ့မလို့"

"ကျစ် .. စိတ်ဝင်စားစရာ တစ်ခုခု ရှိနေတာကို .."

ဟန်ယန့်လျန် ပြုံးကာ အနောက်မှ လိုက်သွားလေသည်။
နန်းပေါင်ရီ၏ အောင်မြင်ခဲ့သော အကြံအစည်နှစ်ခုကြောင့် နန်းယန်နှင့် သခင်မလျို တို့မှာ အလွန်ဆင်းရဲစွာ နေထိုင်နေကြသည်။ ဈေးတန်းဘေးရှိ တောင်ကြားထဲတွင် အိမ်တစ်လုံးငှားလျက် နေထိုင်ကြလေသည်။
ပတ်ဝန်းကျင်မှာ နေ့နေ့ညည ဆူညံနေပြီး အိမ်မွေးကြက်များ၏ အနံ့မျိုးစုံနှင့် အမှည့်လွန် ပုပ်သိုးနေသော အသီးအရွက် အနံ့အသက်များမှာလည်း လေထုထဲတွင် ပျံ့နှံ့လျက် ချမ်းသာသော မိသားစုမှ သခင်မလေးအတွက် မသင့်တော်သော နေရာပင်။နန်းပေါင်ရီ၏ လှည်းက တောင်ကြား အဝင်ဝတွင် ရပ်တန့်သွားပြီး နန်းပေါင်ရီ ဒေါသတကြီးနှင့် အိမ်ရှေ့တည့်တည့်သို့ လမ်းလျှောက်သွားကာ ဟယ်ယဲ့ကို တံခါးခေါက်ရန် ပြောလိုက်သည်။
ဟယ်ယဲ့သည်လည်း ပတ်ဝန်းကျင်အိမ်များ အာရုံစိုက်နိုင်ရန်အတွက် တံခါးကို ကျယ်လောင်စွာ ခေါက်လိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now