part 41

3.7K 493 3
                                    

unicode
အပိုင်း (၄၁)

ပြိုင်ဘက်ကင်း သခင်မလေး နန်း (၅)

နန်းယန် သူမစိတ်ကိုလျော့ကာ တည်ငြိမ်အောင် အရင်လုပ်လိုက်သည်။ ဘယ်လိုပင်ဖြစ်ဖြစ် အခုပွဲတွင် သူမ သေချာပေါက်အနိုင်ယူပြီး မိမိဂုဏ်သိက္ခာကို ပြန်လည်မြင့်တင်ရမည်။

ကံကောင်းစွာပင် သူမသည် အစ်ကိုဖြစ်သူနှင့် မကြာခဏ ကျားဆော့တတ်သဖြင့် ကျားကွက်ကစားရာတွင် အလွန်ကျွမ်းကျင်ပိုင်နိုင်လှသည်။

နန်းပေါင်ရီ က ကျားကွက်စားပွဲဘေးတစ်ဖက်တွင် ထိုင်လိုက်ပြီး လက်တစ်ဖက်နှင့် မေးထောက်ကာ ကျားစေ့အနည်းငယ်နှင့် ဆော့နေရင်း အသာပြုံးပြကာ ...

"ညီမလေးက မမကို စောင့်နေတာ"

နန်းပေါင်ရီ ၏အကြည့်ကို ဂရုမစိုက်ဘဲ နန်းယန် ထိုင်လိုက်သည်။

စင်မြင့်ပေါ်ကိုလှမ်းကြည့်နေသော သခင်မ ချန်း က စိတ်မရှည်စွာ ...

"သခင်မ ချန် ... ရှင်ပြောတော့ နန်းယန် ကို လောင်းကြေးတင်သင့်တယ်ဆို အခု သူက သုံးပွဲဆက်တိုက်ကို ရှုံးနေတာ .. ဒီတစ်ပွဲလည်း အခြေအနေကောင်းမယ့်ပုံမပေါ်ဘူး !"

သခင်မ ချန် ကလည်း စိုးရိမ်ပူပန်စိတ်များဖြစ်လာပြီး ...

"မဖြစ်နိုင်ပါဘူး .. နန်းယန် က ကျင်ကွမ်း မြို့မှာ အတော်ဆုံးမိန်းကလေးဆိုတာ ကျွန်မအမြဲကြားနေခဲ့တာ .. သခင်မ လျို ရှင့်သမီးက ဘယ်လိုဖြစ်သွားရတာလဲ"

သခင်မ လျို က မတ်တပ်ရပ်လိုက်ပြီး ရိုကျိုးစွာနှင့် ...

"ယန်အာ က ငယ်သေးတော့ တစ်ခါတလေ အမှားလုပ်မိတာဖြစ်ပါလိမ့်မယ် ဒါပေမယ့် ကျားကစားတာက သူ့ရဲ့အားသာမှုပါ .. သူ ၆နှစ်အရွယ်ကတည်းက အစ်ကိုဖြစ်သူနဲ့ မကြာခဏဆော့ကစားနေတာ ဒီနှစ်တွေအများကြီးအတွင်း စာသင်ကျောင်းမှာလည်း သူ့ကိုနိုင်တဲ့သူမရှိခဲ့ဘူး ... သခင်မတို့ စိတ်ချပါ ယန်အာ က သခင်မတို့ကို စိတ်မပျက်စေရပါဘူး"

ကျားပြိုင်ပွဲတွင် နန်းပေါင်ရီ က မေးထောက်နေပြီး အင်္ကျီစကိုဆော့ကစားကာ တစ်ချက်မှမရွေ့ရသေးပေ။

အာဃာတပြန်တမ်းWhere stories live. Discover now