part 98

3.2K 384 2
                                    

unicode

အပိုင်း (၉၈)

လက်ထပ်ပြီးခါစ အမေတစ်ယောက်လို

ရှောင်းယီက သူမကို ငုံ့ကြည့်လိုက်သည်။

ကောင်မလေးသည် သူ၏ နူးညံ့သည့် မျက်နှာလေးကိုမော့ပြီး သူ့ကို ကြည့်နေသည်။ သူမက သူ၏ဝတ်ရုံလက်ကို သူ့လက်ချောင်း သွယ်သွယ်လေးများဖြင့် ဆွဲရင်း ပြောလာသည်။ သူမ၏ မျှော်လင့်နေသည့် မျက်ဝန်းများကို ဆုံသည့်အခါ သူက ပြောလိုက်သည်။

“လ ကိုကြည့်ရတာက အရမ်းပျင်းဖို့ကောင်းတယ်”

“ညီမလေးတို့နဲ့ လပြည့်ညရဲ့ အလှကိုကြည့်ရတာက ဘာလို့ ပျင်းဖို့ကောင်းရမှာလဲ၊ ညီမလေး သိပါတယ်၊ ဖေဖေက အစ်ကို ၂ ကို သဘောမကျဘူးလို့ ထင်နေတာမှလား၊ အဲ့ဒါကြောင့် အစ်ကိုက ဖေဖေနဲ့ အတူတူ မရှိချင်တာမှလား၊ ဒါပေမယ့် ဖေဖေက အပြောမတတ်ယုံလေးပါ၊ သူက တကယ် စိတ်ထားကောင်းပါတယ်၊ ရထားလုံးပေါ်မှာတုန်းကလည်း အစ်ကို့ကို ဝက်ခြေထောက် စားမလားလို့ မေးသေးတယ်လေ၊ အဲ့ဒါကသူ့အကြိုက်ဆုံး အစားအစာပဲ”

ကောင်မလေးသည် သူ့ကိုဖိတ်ခေါ်ဖို့ အရမ်းကို အလေးထားနေပြီး သူမ၏ မျက်လုံးများကလည်း တဖျတ်ဖျတ် လက်နေသည်။ သူမ၏ မျက်လုံးလေးတွေထဲက မျှော်လင့်ချက်တွေနဲ့ စိတ်အားထက်သန်မှုတွေ ပျောက်ကွယ်သွားမှာကို သူ မလိုလားပေ။ ရှောင်းယီသည် အဝေးကို ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“ငါက  လတ်ဆတ်သည့်အသားနဲ့ လုပ်ထားတဲ့ လမုန့်ကိုကြိုက်တယ်”

နန်းပေါင်ရီသည် အနည်းငယ် အံ့ဩသွားရသည်။ ချက်ချင်းပဲ သူမသည် ချိုမြိန်သည့် အပြုံးတစ်ပွင့်ကို ပြုံးလိုက်ပြီး သူ့ကိုပြောလိုက်သည်။

“အစ်ကို ၂ အနားယူနှင့်ပါနော်၊ မီးဖိုချောင်ကို လတ်ဆတ်တဲ့ အသားနဲ့ လုပ်ထားတဲ့ လမုန့်တွေလုပ်ပေးဖို့ ညီမလေး သွားပြောလိုက်ဦးမယ်”

သူမက ပျော်ရွှင်စွာ ပြုံးရယ်ပြီး ထွက်သွားတော့သည်။ ရှောင်းယီ၏ နှလုံးသားသည် ချိုမြိန်မှုတွေနဲ့ ပြည့်နှက်နေသည်မှာ ကန်ရေပြင်ပေါ်က မပြည့်သေးသည့်လကိုတောင် လှသည်ဟု မြင်ယောင်လာသည် အထိပင်။

အာဃာတပြန်တမ်းWhere stories live. Discover now