Part 5

4.4K 581 7
                                    

Unicode

အပိုင်း (၅)
ထပ်ငိုရင် ငါကိုက်မိလိမ့်မယ်

ဆုန်းဟယ့် ခြံဝင်းတွင် နန်းပေါင်ရီ သည် သခင်မကြီး၏ ရင်ခွင်ကိုမှီကာ သူမလက်ကိုမြှောက်ပြပြီး နားနားကပ်ပြောသည်။

"သမီးလက်နာတာလည်းပျောက်သွားပြီ အဖျားလည်းမရှိတော့ဘူး ဒါကြောင့် ဘွားဘွားလည်း စိတ်မပူနဲ့တော့နော်"

နှစ်ရက်အတွင်းမှာပင် နန်းပေါင်ရီ လက်မှာ ဒဏ်ရာတို့အရှင်းပျောက်သွားပြီး အသားနု အရေနုလေးတို့ဖြင့် နူးညံ့သောလက်အသွင်ကို ပြန်လည်ကောင်းမွန်နေသောကြောင့် သခင်မကြီးလည်း စိတ်ချမ်းသာသွားသည်။

"ဆရာ ကျန်း ရဲ့ ဆေးက တော်တော်အစွမ်းထက်တာပဲ ဒါကြောင့်လည်း ရှု တိုင်းပြည်ရဲ့အတော်ဆုံးဖြစ်နေတာ"

ထိုဆေးမှာ အလွန်ပင်အဖိုးအခကြီးလိမ့်မည်ဟု နန်းပေါင်ရီ တွေးလိုက်မိသည်။ သေးငယ်သည့်ကြွေဘူးတစ်ခုမှာ ရွှေစတစ်ထောင်မက တန်ဖိုးရှိသဖြင့် သာမန်လူတန်းစားမိသားစုတို့အဖို့ ဝယ်ယူရန်မတတ်နိုင်ကြပေ။ နန်းပေါင်ရီ ၏အဘွားသည် သူမကိုအလွန်ချစ်သောကြောင့် ညီအစ်မများကြား သူမတစ်ယောက်တည်းတွင်သာ ထိုဆေးဘူးရှိသည်။

အတိတ်တွင် နန်းယန် က သူမဆေးဘူးကိုမျက်စိကျနေသဖြင့် သူမသဘောထားကြီးစွာပေးခဲ့သော်လည်း အဆုံးသတ်တွင် သူမမျက်နှာသာ ဖျက်ဆီးခံခဲ့ရသည်။

"ကျောင်းကျောင်းအာ .. ဘွားဘွားကို အမှန်တိုင်းပြော ... အစ်ကို ၂က သမီးကိုလက်စားချေချင်လို့ သမီးလက်ကိုဒဏ်ရာရအောင်လုပ်ခဲ့တာလား"

အဘွားက ရုတ်တရက်မေးလေတော့ နန်းပေါင်ရီ အလျင်အမြန်ခေါင်းခါလိုက်ပြီး ...

"သမီးအဆော့လွန်ပြီး လောဘတက်သွားတာ .. အစ်ကို ၂ရဲ့အခန်းထဲက သစ်ချသီးအနံ့ရလိုက်တော့ စားချင်လာတာနဲ့ သွားယူတာ ဒါပေမယ့် မီးဖိုပေါ်ကနေ မတော်တဆမှောက်ကျသွားတော့ သမီးလည်း ဒဏ်ရာရသွားတာ ... ဘွားဘွား အစ်ကို ၂ကို အပြစ်မတင်ပါနဲ့နော်"

သခင်မကြီးက သူမကိုကြည့်လိုက်သည့်အခါ မျက်ဝန်းတို့မှာ တောက်ပနေပြီး ရိုးသားသည့်ဟန်ကြောင့် သူမလိမ်နေခြင်းနှင့်မတူပေ။ ခဏကြာအောင်စဉ်းစားလိုက်ပြီး ရှောင်းယီ ကိုခေါ်လာရန် အစေခံတို့ကိုပြောလိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now