Part 23

4K 510 20
                                    

အပိုင်း (၂၃)

အကျင့်ပုတ်အစ်ကို ၂

နန်းပေါင်ရီ က ငါးစွပ်ပြုတ်ကို ယဉ်ကျေးစွာပေးလိုက်သည်။

"ညီမလေး နည်းနည်းစားပြီးပြီ အရမ်းအရသာရှိတော့ အစ်ကို ၂ကို တွေးမိလိုက်တာ .. အစ်ကို ၂က စာကိုပဲ ဖိလုပ်နေတော့ အားပြန်ဖြည့်ဖို့လိုတယ်လေ"

ရှောင်းယီ သူမထံမှကြွေခွက်ငယ်လေးကိုယူကာ တစ်ဇွန်းစာမျှခပ်သောက်ပြီး ရေခဲရိုက်အပြုံးနှင့်ပြုံးပြန်သည်။

"နန်းပေါင်ရီ ... ငါ့အစေခံကိုယ်တိုင်ချက်တဲ့စွပ်ပြုတ်ကို မင်းယူလာပေးတာလား"

နန်းပေါင်ရီ မျက်နှာပူသွားပြီး ...

"ဒါကလည်း အစ်ကို ၂အတွက် စဉ်းစားပေးတာပဲမဟုတ်ဘူးလား ... ပြီးတော့ စွပ်ပြုတ်က အာဟာရလည်းရှိတယ် ဒါကိုသောက်ရင် ဉာဏ်ကောင်းစေတယ်ဆိုတော့ အစ်ကို ၂ များများသောက်ပေးသင့်တယ်"

ရှောင်းယီ ကို ဉာဏ်တုံးသူဟုတွေးလိုက်မိကာ ပြောပြီးမှ စကားမှားသွားသည်ကို သတိထားမိလိုက်သည်။ ကံကောင်းစွာဖြင့် ရှောင်းယီ မသိလိုက်ပေ။ စာအုပ်စင်ကို သူမမှီလိုက်ပြီး ရိုးသားသည့်ပုံနှင့် ....

"အစ်ကို ၂ အခုတလော ဘာစာအုပ်တွေဖတ်နေတာလဲ ... အင်ပါယာစာမေးပွဲက ၂နှစ်ပဲကျန်တော့တာ အဲဒီအတွက် အစ်ကို ကြိုပြင်ဆင်ထားသင့်တယ်"

နန်းပေါင်ရီ မျက်တောင်ခတ်ပြီး စကားဆက်ပြောလေသည်။

"အစ်ကို ၂ .. နွေဦးရာသီပန်းပွဲတော်က ဒီလကုန်ရင် လာတော့မှာ အဲဒီပြိုင်ပွဲကို ညီမလေးဝင်ပြိုင်မလို့လုပ်ထားတယ် ... ဒါပေမယ့် ပြိုင်ပွဲရဲ့မေးခွန်းက စာပေလေးမျိုးနဲ့ ကွန်ဖြူးရှပ်ဝါဒရဲ့ ဂန္တဝင်စာအုပ်ငါးမျိုးက ထုတ်နှုတ်မေးတာ ... ညီမလေးက ဉာဏ်မကောင်းတော့ မဖြေနိုင်မှာစိုးရိမ်တယ် အစ်ကို ၂ ညီမလေးကိုသင်ပေးလို့ရမလား"

အာဃာတပြန်တမ်းWhere stories live. Discover now