part 178

2.1K 281 7
                                    

Unicode

အပိုင်း (၁၇၈)

နန်းကျောင်းကျောင်းက ကိုယ်တိုင် ဘာလို့မကြိုးစားကြည့်တာလဲ

နန်းပေါင်ရီက အလေးအနက်ထားပြီး “အစ်ကို ၂၊ ညီမလေးက အစ်ကို့ကို တကယ် အလေးအနက် ထားပြီး မေးနေတာ၊ အဲ့ဒီလိုမျိုး ဘယ်သူက မွေးနိုင်မှာလဲ ယောင်းမ ၂ က ကလေး မမွေးနိုင်ဘူးဆိုရင် အစ်ကို ဘယ်လိုလုပ်မလဲ သူ့ကို စွန့်ပစ်လိုက်မှာလား။ အစ်ကိုက မောင်းမ ဘယ်နှယောက်လောက် ယူဖို့ စဉ်းစားထားတာလဲ”

ယောင်းမ ၂

ရှောင်းယီ၏ ပါးလျတဲ့ နှုတ်ခမ်းတွေထက်က အပြုံးက တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။

သူက ဘာအမူအရာမှမပြဘဲ ထထွက်သွားတော့သည်။

နန်းပေါင်ရီက နှလုံးသား ကွဲကြေသွားသလို ခံစားလိုက်ရသည်။ အမတ်မင်းက သူမကိုထပ်ပြီး စိတ်ဆိုး သွားပြန်လေပြီ။ အဓိပ္ပါယ်မရှိသည့် စကားများဖြင့် သူ၏ အနာဂတ် သတို့သမီး အကြောင်းကို သွားပြောမိသော သူမ၏ အပြောမတတ်သည့် ပါးစပ်ကိုပဲ မုန်းလှသည်။

သူက အနာဂတ် ဇနီးသည်ကို ချစ်ခင်နှစ်သက်မှာ သေချာသည်….

လက်ထဲက လိမ္မော်သီးတွေကို ကြည့်ရင်း နန်းပေါင်ရီက အပြစ်ရှိသလို ခံစားချက်နဲ့ ရှင်းမပြနိုင်တဲ့ ချဉ်စူးစူး ခံစားချက်က ဝင်ရောက်လာတော့သည်။

ဆုန်းဟယ့်ခြံ၏ နှစ်သစ်ကူး အကြို ညစာစားပွဲက စည်ကားနေသည်။

မနက်က ကိစ္စကြောင့် အမတ်မင်းက စိတ်ဆိုးနေတုန်း ဖြစ်သည်။ နန်းပေါင်ရီက သူ့ကို စားသောက်ပွဲမှာ မတွေ့ရပါချေ။ သူမက ပန်းကန်လုံး အသေးလေးကိုယူပြီး ခေါင်းကိုငုံ့ရင်း စားနေသည်။ အကြောင်းပြချက် တချို့ကြောင့် ဒီနှစ် နှစ်သစ်ကူးအကြို ညစာစားပွဲက အရသာမရှိသလို သူမခံစားရ သည်။

သူမအကြိုက်ဆုံး ပုစွန်နဲ့ အသားလုံးတွေကတောင် မနေ့ကလောက် စားလို့မကောင်းပါချေ။

နန်းချန်းလီက လည်ပင်းကိုဆန့်၍ အချိန်ခဏအကြာအထိ ရှာဖွေနေပြီး ပထမဆုံးအနေနဲ့ ထုတ်မေးလိုက်တော့သည်။

အာဃာတပြန်တမ်းWhere stories live. Discover now