part 88

3.2K 396 2
                                    

unicode

အပိုင်း (၈၈)

ငွေနှိုက်သော နန်းကျောင်းကျောင်း

နန်းယန် က နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။

သူမ၏လှပသောမျက်နှာလေးသည် ခံနိုင်ရည်မရှိသည့် အဖြူရောင်ပန်းတစ်ပွင့်ကဲ့သို့ဖြစ် ဖြူဖျော့နေသည်။

နန်းပေါင်ရီ ပြောသည်များမှာ အားလုံးမှန်ကန်နေသည်။ သူမ၏အဖေ ယခုကဲ့သို့အကြံပေါက်ခြင်းမှာလည်း သူမအကြံကြောင့်သာဖြစ်သည်။

နှစ်သစ်ကူးပြီးပါက သူမသည် ၁၄နှစ်ပြည့်တော့မည်ဖြစ်ပြီး အိမ်ထောင်ရေးအတွက် သေချာမသတ်မှတ်ရသေးသဖြင့် အလောတကြီးဖြစ်နေလေသည်။

ယခုအခါ ရှောင်းယီ က ဒုတိယအဆင့်အမတ်မင်းအဖြစ် ရာထူးရသွားပြီဖြစ်သောကြောင့် နန်းအိမ်တော်၏ဂုဏ်ကပိုမြင့်သွားပြီး အိမ်တော်ထဲတွင်နေထိုင်နေသမျှကာလပတ်လုံး သူမသည် ရှောင်းယီ ၏ ညီမလေးတစ်ယောက်ဖြစ်မည့်အပြင် ချမ်းသာကြွယ်ဝသော မိသားစုနှင့်လက်ဆက်နိုင်လိမ့်မည်။

ထိုအချက်ကြောင့် နံရံကိုခွကျော်၍ အိမ်ထဲသို့ဝင်ရမည်ဆိုလျှင်ပင် ဝင်ရဲပေသည်။

သူမမျက်လုံးများ ညိုမှိုင်းနေရာက တောက်ပလာပြီး နွေးထွေးစွာဖြင့်

"ကျောင်းကျောင်း .. ငါ့အမေကကိုယ်ဝန်သုံးလရှိနေပြီ ဘဝကလည်းတကယ်ခက်ခဲတယ် .. ဖေဖေ့ရဲ့သမီးတစ်ယောက်အနေနဲ့ ဖေဖေ့အတွက် နောက်ထပ်ကလေးတစ်ယောက်ထပ်ရအောင်လို့ နင်သူ့ကိုဂရုစိုက်ပေးသင့်တယ်လေ .. ဒါငါတို့က သမီးရယ်လို့ဖြစ်လာရင် ကျေပွန်ရမယ့် တာဝန်ပဲ ..သားသမီးကျင့်ဝတ်ပေါ့"

သူမက အခြားသူများကိုနှိပ်ကွပ်ရန်အတွက် သားသမီးကျင့်ဝတ်ကို ခုတုံးလုပ်၍ဆိုသည်။

နန်းပေါင်ရီ က နားထောင်ရမည်ကိုပင် အာရုံနောက်လာသည်။

သူမက ငှက်မွှေးကြက်တောင်နှင့်ကစားနေရင်း ပြုံးပြကာ ..

"မမ .. ညီမလေးက ဒီအိမ်မှာအငယ်ဆုံးလေ ရိုးလည်းရိုးသားတယ် ဘာကိုမှလည်း မသိနားမလည်သေးဘူး .. ဒီတော့ မမပြောတာကို ညီမလေးသိပ်သဘောမပေါက်ဘူးဖြစ်နေတယ် လှေကားအတွက်တော့ တောင်းပန်ပါတယ် ညီမလေးက ဒီလိုပဲခေါင်းမာတတ်တယ်လေ .. ဒီလိုအရွယ်မျိုးမှာပဲ ဆိုးလို့ရတာဟ .. နံရံပေါ်မှာဆံပင်အခြောက်ခံရင်း ဥယျာဉ်ရှူခင်းလေးကိုခံစားပေါ့ .. ငါတော့ အဖော်မလုပ်ပေးတော့ဘူးနော်"

အာဃာတပြန်တမ်းWhere stories live. Discover now