Part 90

3.4K 381 12
                                    

unicode

အပိုင်း (၉၀)

အမတ်ကြီးနှင့် အဆင်ပြေရမည်

နန်းယန် သည် အိပ်ရာအစွန်းတွင်ထိုင်ပြီး ပန်းထိုးနေသည်။

"မေမေ သမီးပိုက်ဆံအိတ်လုပ်နေတာ.. မောင်နှမတွေအကြား ရွှေတွေငွေတွေပေးတယ်ဆိုတာ အပေါစားဆန်လွန်းတယ် .. အစ်ကို ၂ ကို လေးစားကြောင်းပြဖို့ သမီးသူ့အတွက် အထူးတလည် ပိုက်ဆံအိတ်လုပ်ပေးရမယ်"

"သမီးရဲ့ အစ်ကို ၂ က အရင်နှစ်တွေကလည်း အပစ်ပယ်ခံထားရပြီး ဆယ်နှစ်ကျော်လောက် အခက်အခဲတွေဖြတ်သန်းခဲ့တာတဲ့ .. သမီးသူ့ကိုစိတ်ပါပါနဲ့ ဂရုစိုက်ပေးပြီး ဘယ်လောက်သဘောကောင်းသလဲဆိုတာ သူသိအောင်ပြထားရမယ် .. သမီးသာ သူ့ရင်ထဲမှာ နန်းပေါင်ရီ ထက်ပိုအရေးပါသွားရင် သမီးအိမ်ထောင်ရေးကိစ္စ ဘာမှပူစရာမလိုတော့ဘူး"

နန်းယန် ပို၍ပင်ပြုံးရွှင်လာသည်။

"သမီးကြိုးစားပါ့မယ်"

လျိုရှောင်မုံ့ ကရေသောက်ချင်လာသဖြင့်

"လက်ဖက်ရည်ယူခဲ့စမ်း "

ဟုန်းအာ က လက်ဖက်ရည်ပူပူတစ်ခွက်ယူလာပေးသည်။ သို့သော် သူမက ခွက်ကိုယူကြည့်ပြီးနောက် ချက်ချင်းပစ်ခွဲလိုက်ပြီးနောက် ဒေါသတကြီးနှင့် ...

"ငါမမြင်ဘူးထင်နေတယ်ပေါ့ .. လက်ဖက်ရည်ကို လက်ဖက်ရွက်လေး ၅ရွက်၆ရွက်ပဲထည့်ရလား .. ဘာလဲ ငါ့ကိုအထင်သေးတာလား"

ဟုန်းအာ လည်း အလန့်တကြား ဒူးထောက်လိုက်ပြီး ...

"ကိုယ်ဝန်ဆောင်မိခင်တွေ လက်ဖက်ရည်ပြင်းပြင်းမသောက်ရဖူးလို့ သမားတော်ကမှာသွားပါတယ် .. အဲဒါကြောင့် ..."

"အဆင့်မရှိတဲ့အိမ်ဖော် !"

လျိုရှောင်မုံ့ က ရှင်းပြသည်ကို နားမထောင်ဘဲ အိပ်ရာပေါ်မှထ၍ ဟုန်းအာ ကို ပါးရိုက်လိုက်ပြီး သူမ၏လက်‌ကိုလည်း အားနှင့်ဆွဲလိမ်ကာ နှုတ်မှလည်း ဆဲဆိုလိုက်သည်။

"နင်က သခင်ကြီးရဲ့အဆောင်တော်က အိမ်ဖော်လို့ငါကြားတယ် .. ဒါပေမယ့် သခင့်ကိုမြှူဆွယ်တာတွေပဲလုပ်နေတယ်တဲ့ .. ဒီညငါနင့်ကို သင်ခန်းစာကောင်းကောင်းပေးရမယ် .. သခင်မဖြစ်တဲ့ငါ ဘယ်လောက်တော်ကြောင်းပြပေးရတာပေါ့"

အာဃာတပြန်တမ်းWhere stories live. Discover now