Part 17

4K 557 25
                                    

အပိုင်း (၁၇)

ခန့်ညားသောအမတ်လောင်း

နန်းပေါင်ရီ အခန်းကိုပြန်လာခဲ့ပြီး အစေခံများကို ထွက်သွားခိုင်းလိုက်သည်။

ထို့နောက် အိပ်ရာထဲဝင်ကာ လိုက်ကာများကိုချလိုက်ပြီး အိပ်ချင်သော်လည်း ပြန်ထပြီးတစ်ဖက်လှည့်လိုက်နှင့် အိပ်၍မရပေ။

သူမအဖေနှင့် မိန်းကလေး လျို တို့ ကြင်ဦးစအတွဲကသို့ ချစ်ကြည်းနူးနေကြသည့်ပုံရိပ်တို့ သူမအတွေးထဲ အထပ်ထပ်အခါခါပေါ်လာနေသဖြင့် စိုးရိမ်ပူပန်စိတ်တို့နှင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည်။ သူမအခုချက်ချင်းထသွားကာ သူမအဖေကို ဆွဲခေါ်လာနိုင်လျှင် ကောင်းမည်ဟုတွေးနေသည်။

ရှောင်းယီ အခန်းထဲရောက်လာပြီး လှပစွာပုံဖော်ထားသောဖိနပ်လေးက မြေပြင်ပေါ် ကန်ထုတ်ထားခံရသည်ကိုတွေ့လိုက်သည်။ ကလေးမငယ်လေးမှာ သူမဒူးတို့ကိုဖက်ရင်း ကြမ်းပြင်ကို အကြောင်းမရှိဘဲစိုက်ကြည့်နေသည်။

ရှောင်းယီ က သူ၏ဝတ်ရုံကိုအသာသပ်လိုက်ပြီး လက်ရာမြောက်စွာထွင်းထုထားသောခုံပေါ်တွင် ထိုင်လိုက်သည်။

ရှောင်းယီ ကို နန်းပေါင်ရီ မြင်လိုက်၍ လိုက်ကာတို့ကိုဖယ်လိုက်ပြီး ....

"အစ်ကို ၂ .. ဒါညီမလေးအခန်း အစ်ကိုက ဒီကိုဘာလာလုပ်တာလဲ"

ရှောင်းယီ က မက်မွန်သကြားလုံးဘူးကိုထုတ်လိုက်ပြီး အံငယ်တစ်ခုကိုဖွင့်ကာ ပန်းနုရောင်သကြားလုံးကိုယူပြီး ပါးစပ်ထဲထည့်လိုက်သည်။

"စတော်ဘယ်ရီအရသာပဲ"

နန်းပေါင်ရီ ကြည့်နေသည်ကိုတွေ့လိုက်တော့ ရှောင်းယီ ပြုံးပြကာ ...

"စားချင်လား"

နန်းပေါင်ရီ လည်း စိတ်ရှုပ်သွားပြီး ...

အာဃာတပြန်တမ်းWhere stories live. Discover now