part67

3.4K 438 12
                                    

unicode
အပိုင်း (၆၇)

ကောင်းမွန်သည့် အစ်ကိုကြီး

"အားလပ်ရက်ကွ !"

နေ့လယ်ခင်းအချိန်ရောက်သည့်အခါ ကျန်းဆွေ့ဟန် က ကလေးတစ်ယောက်ကဲ့သို့ ပျော်ပါးလျက် မနက်အစောကြီးကတည်းကပင် စားပွဲရှေ့ နေရာယူထားလေသည်။

စားပွဲထက်တွင် ယမကာအစုံနှင့် ထူးဆန်းသော မုန့်လုံးများကိုလည်း စီရီခင်းကျင်းထားလေသည်။ ကျန်းဆွေ့ဟန် သိလိုစိတ်တို့ဖြင့် တူနှင့်ညှပ်လိုက် လှန်လိုက်လုပ်နေပြီး ....

"ဒါကဘာလဲ"

နန်းပေါင်ရီ ကန့်လန့်ကာ နောက်မှ ညင်သာစွာ ထွက်လာသည်။ သူမ၏ပန်းနုရောင်ဂါဝန်လေးမှာ တိမ်လွှာအလား ပေါ့ပါးနေပြီး ပန်းဆွဲနှင့်ငွေရောင်ဆံထိုးမှာလည်း အလင်းရောင်ပြန်ဟပ်နေသော နှင်းပွင့်လေးပမာ လင်းလက်နေပြီး သူမ၏မက်မွန်ရောင်သမ်းနေသော ပါးမို့လေးကလည်း ပို၍ချစ်စဖွယ်ဖြစ်နေလေသည်။

သူမသိမ်မွေ့စွာထိုင်လိုက်ပြီး ...

"ဒီမုန့်လုံးလေးတွေကို ကျွန်မကိုယ်တိုင်လုပ်ထားတာပါ .. သခင်လေး ကျန်း သုံးဆောင်ကြည့်ပါဦး"

"မုန့်လုံး ! ဟားဟားဟားဟား ! ဒါတွေက တကယ်မုန့်လုံးလား !"

ကျန်းဆွေ့ဟန် မညှာမတာ ရယ်မောလေတော့သည်။

"သခင်မလေး နန်း က တကယ်ပါရမီမပါတာပဲ"

ကျန်းဆွေ့ဟန် စကားကြောင့် နန်းပေါင်ရီ ဆွံ့အသွားရလေသည်။

သူမစိတ်ကူးအရ ကျန်းဆွေ့ဟန် က သူမကိုချီးကျူးစကားဆိုရမည်မဟုတ်လား။ ထိုမှတဆင့် မိမိတို့၏အကြောင်းစုံကိုပြောပြပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ဝင်စားမိရမည်ဟု သူမရည်ရွယ်ထားသည်။

နန်းပေါင်ရီ အပြုံးတုနှင့်ပြုံးလိုက်ပြီး ကျန်းဆွေ့ဟန် ကို အေးစက်စက်ရယ်ပြလေသည်။

ကျန်းဆွေ့ဟန် သူ၏ကျောရိုးတစ်လျှောက် အေးစိမ့်ကာ ကြက်သီးမွေးညှင်းများပင် ထသွားလေသည်။

ချီးကျူးပေးရမည်ဟု ကျန်းဆွေ့ဟန် တွေးမိကာ ချက်ချင်းပြုံးလိုက်ပြီး ...

အာဃာတပြန်တမ်းWhere stories live. Discover now