part 81

3.2K 390 8
                                    

unicode
အပိုင်း (၈၁)

ရင်ထဲကခံစားချက်

နန်းပေါင်ရီ သစ်ကြားသီးမုန့်ကိုဘေးချပြီး လှောင်ပြောလိုက်သည်။

"ကျွန်မအစ်မသက်သာပြီဆိုရင် ရှင်က ထပ်ပြီးဒေါသထွက်အောင်လုပ်မလို့လား"

"ခယ်မလေး‌ပြောသလိုမဟုတ်ပါဘူး .. ငါက ရုံအာ ကို သနားနေတာလေ .. ဘာလို့သူ့ကိုဒေါသထွက်အောင်လုပ်ရမှာလဲ"

ကျန်းယွမ့်ဝမ် ကသက်ပြင်းချကာ ...

"စွန်းရှန့်ရှန့် နဲ့လက်ထပ်ပြီးကတည်းက ငါ့မှာ ရုံအာ ကို နေ့နေ့ညညလွမ်းနေရတော့ တစ်ရက်တစ်ရက် ပိန်တောင်လာတယ် .. စွန်းရှန့်ရှန့် က အနုပညာကိုလည်းတန်ဖိုးမထားတတ်တဲ့အပြင် လေးလေးနက်နက်လည်းမရှိဘူး မိန်းမကောင်းတစ်ယောက်မဟုတ်ဘူး ... 'တောက်ထျန်း' ကဗျာနဲ့ထိုက်တန်တာဆိုလို့ ရုံအာ တစ်ယောက်ပဲရှိတယ်လို့ ငါထင်တယ်"

နန်းညီအစ်မ သုံးယောက်တို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ပြန်ပြောလိုသည့်ကိစ္စများ အများကြီးရှိသော်လည်း မည်သည်ကစပြောရမည်ကို မသိကြပေ။

ပထမဆုံးစ၍ ပြန်ပြောသူမှာ နန်းပေါင်ကျူး ဖြစ်သည်။

"ခစ် .. ဘယ်သူက ရှင့်ခယ်မ‌လဲ .. ကျွန်မတို့မိသားစုတွေအကြားမှာ ဘာဆက်ဆံရေးမှမရှိတော့ဘူးလေ .. ကျွန်မတို့ကို အမျိုးတွေလိုမျိုး မခေါ်သင့်ဘူး"

နန်းပေါင်ရီ ကလည်း ယပ်ခတ်နေရင်း သရော်ဟန်နှင့် ...

"သခင်လေး ကျန်း လိုခန္ဓာကိုယ်မျိုးကို ပိန်သွားတယ်တဲ့လား .. ရှင့်ကြည့်ရတာ တောင့်တောင့်တင်းတင်းနဲ့ မျက်နှာတောင် တောက်ပနေတာပဲ .. ဘယ်နားများ ပိန်သွားတာပါလိမ့်"

ညီအစ်မနှစ်ယောက်လုံးသည် နှုတ်သွက်လျှာသွက်ရှိပြီး ရက်စက်လှသဖြင့် ကျန်းယွမ့်ဝမ် တစ်ယောက် စိတ်ညစ်သွားကာ ဒေါသထွက်ထွက်နှင့် နန်းပေါင်ရုံ ကိုသာ ကြည့်နိုင်တော့သည်။

"ရုံအာ ..."

"သခင်လေး ကျန်း ... ယောက်ျားလေးနဲ့မိန်းကလေးဆိုတာ မတူပါဘူးနော် .. ကျွန်မနဲ့ကျွန်မရဲ့ညီမလေးနှစ်ယောက်ကို ထပ်ပြီးမနှောက်ယှက်ပါနဲ့တော့ . တခြားသူတွေမြင်ရင် မကောင်းတဲ့သတင်းတွေပြန့်သွားလိမ့်မယ်"

အာဃာတပြန်တမ်းWhere stories live. Discover now