part 94

3.2K 401 21
                                    

unicode

အပိုင်း (၉၄)

ဘယ်လိုလုပ်ပြီး ရှောင်းယီလိုအစ်ကိုမျိုး ရှိရတာလဲ?

နန်းယန်၏ မြှောက်ပင့် စကားများကြောင့်  အမတ်မင်းက သူ၏နှုတ်ခမ်းများကို ပြုံးသယောင် ပြုသည်။

“မောင်းမ၏သားက အရမ်း ဉာဏ်ကောင်းတာပဲ၊ တခြားသူတွေ၏ လေးစားမှုကိုရဖို့ ထိုက်တန်ပါတယ်”

နန်းယန်ဟာ တိတ်ဆိတ် သွားရသည်။ ရှောင်းယီက နှိမ်လိုက်သည်မှာ ထင်ရှားလွန်းသည်။ သူမ ဒီမေးခွန်းကို ဘယ်လိုဖြေရပါ့မလဲ။

နန်းပေါင်ရီသည် မရယ်မိဘဲ မနေနိုင်တော့၊ သူမက နန်းယန်၏ သွေးဆုတ်နေသည့် မျက်နှာကို ကြည့်လိုက်သည်။ နန်းယန်၏ အတွေးထဲမှာ ‘အစ်ကို ၂ နှင့် အရင်ရင်းနှီးအောင်လုပ်ပြီး နန်းကျင်ကို ငယ်ရွယ်ပြီး အရည်အချင်းရှိသည့် သူတစ်ယောက်အဖြစ် သူမက မြှောက်ပင့်ထားမည်၊ သူမ အခု သဘာဝကျကျ တောင်းဆိုမှုတစ်ခုကို လုပ်ထားမည်၊ နှစ်ကုန်ရက်၌ နန်းကျင်ပြန်လာလျှင် သူမ အစ်ကို ၂ ကို သူမ၏အစ်ကိုကို ကူညီပေးဖို့ပြောမည်’ ဆိုသည့် အတွေးကို နန်းပေါင်ရီသိသည်။

သို့သော် အစ်ကို ၂ သည် သူမ၏အကြံအစည်ကို ဖြစ်မြောက်ခွင့် မပေးခဲ့ချေ။

နန်းပေါင်ရီလည်း မောင်းမမှ မွေးသည့် သားသမီးများ၏ မျိုးရိုးနှင့်နိမ့်ကျသည့် ဘဝမှာ ပြောင်းလဲ နိုင်လိမ့်မည်ဟု မထင်ပေ။

‘ဘာကြောင့်များ အစ်ကို ၂ က နန်းကျင်ကို အလကား ကူညီပေးရမတဲ့လဲ’

သူတို့ နန်းကျင်ကို အသုံးချ၍ မရနိုင်။ သူမသည် လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဖြည်းဖြည်းချင်း အရသာခံ သောက်နေလိုက်သည်။ သို့သော် နန်းယန်သည် အရှက်မရှိ ထပ်ပြီး ပြောပြန်သည်။

“အစ်ကို ၂ ရဲ့ စာကြည့်ခန်းမှာ စာအုပ်တွေ အများကြီးပဲ၊ အစ်ကို ၂ က စာပေကျမ်းဂန်တွေကို နှံ့နှံ့စပ်စပ် သိတာပဲနော်၊ ညီမကြားမိတာတော့ အစ်ကို ၂ က ကျောင်းကျောင်းကို တစ်ခါတလေ စာပေတွေနဲ့ လက်ရေးလှ သင်ပေးတယ်ဆို၊ ညီမရဲ့အစ်ကိုလည်း နားမလည်တဲ့ အိမ်စာတွေရှိရင် သူနှစ်ကုန် ပြန်လာတဲ့အခါ အစ်ကို ၂ က ကူညီပေးမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ။ အစ်ကို ၂ ရဲ့ အကူအညီနဲ့ဆို အစ်ကိုကျင် စာပေအရည်အချင်းက တစ်နေ့ကို မိုင်ပေါင်း များစွာအထိ တိုးတက်မယ်ဆိုတာ သေချာတယ်”

အာဃာတပြန်တမ်းWhere stories live. Discover now