part 92

3.2K 404 17
                                    

unicode

အပိုင်း (၉၂)

ကျောင်းကျောင်း၏ အလွန်စိတ်ထိခိုက်ဖို့ ကောင်းလှသည့် ပန်းထိုးပညာ

သူမ ထပ်ပြီးတော့ နန်းပေါင်ရီကြောင့် အကျဉ်းအကျပ်ထဲ မရောက်လိုတော့သဖြင့် သူမ၏ လက်မောင်းကြားက ပန်းထိုးအိတ်ကို ထုတ်ယူလိုက်သည်။ နန်းပေါင်ရီသည် နန်းယန်ကို ကြည့်လိုက်သည်။ ပန်းထိုးအိတ်မှာ ချည်တွေကို လှလှပပ ထိုးထားပြီး အထူးကောင်းမွန်သည့် ပထမတန်းစား ပစ္စည်းဖြစ်သည်။ သူမသည် သစ်သီးပန်းကန်ထဲမှ လိမ္မော်သီးကို အခွံခွာနေလျက် ရှေ့က စိတ်လှုပ်ရှားစရာ တစ်ခုကို ရယ်သံသဲ့သဲ့ပြုရင်း စောင့်ကြည့်နေလိုက်သည်။ နန်းယန်သည် ရှောင်းယီကိုကြည့်ပြီး ပြောလိုက်သည်။

“အစ်ကို ၂ ၊ အစ်ကိုက အခုဆို ရာထူးကြီးတဲ့ သူတစ်ယောက်ဖြစ်နေပြီး တခြား အသုံးအဆောင်တွေလည်း မသုံးဘူး၊ ဒီအိတ်က အစ်ကို့အတွက် ညီမထိုးထားတာပါ။ ဈေးထဲက တခြားအိတ်တွေလို မဟုတ်ဘူး၊ အစ်ကိုသာ ဒါကို သုံးမယ်ဆိုရင် တခြားသူတွေနဲ့ တွေ့တဲ့အခါ တကယ် မျက်နှာလှမှာပဲ”

“ကျွတ်!”

နန်းပေါင်ရီက စုတ်သတ်ပြီး မညှာမတာ ထေ့ငေါ့လိုက်သည်။

“မမက အခုလေးတင် ညီမလေးကို သိမ်ဖျင်းတယ်လို့ ပြောပြီး မမကတော့ ယောက်ျားလေး တစ်ယောက်ကို ပန်းထိုးအိတ် လက်ဆောင်ပေးနေတယ်၊ အဲ့ဒါက အရမ်း သိမ်ဖျင်းတာပဲ၊ မမရဲ့အပြုအမူက မိန်းကလေး တစ်ယောက်နဲ့ တူသေးရဲ့လား”

နန်းယန်၏ မျက်နှာသည် ပြာနှမ်းပြီး ဖြူဖျော့လာသည်။ သူမ တကယ့် တကယ်ကို နန်းပေါင်ရီ၏ ပါးစပ်အား ရိုက်ပစ် လိုက်ချင်နေပြီ ဖြစ်သည်။ သူမ အားတင်းပြုံးလိုက်ပြီး ပြောလိုက်သည်။

“ကျောင်းကျောင်းကလည်း မောင်နှမတွေကြားမှာ အဲ့ဒီလို ကန့်သတ်ချက်တွေ အများကြီး ထားဖို့မလိုပါဘူး၊ ရင်းနှီးလို့ လက်ဆောင်ပေးတယ် ဆိုတာက ဘာမှမဖြစ်ဘူး”

“သိပါပြီ၊ အဲ့ဒါဆိုလည်း ဆက်ပြီး ရင်းနှီးကြပါ”

နန်းယန်က ပန်းထိုးအိတ်ကို ကိုင်ထားပြီး ဆက်ပြောလိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now