part 86

3.3K 416 5
                                    

unicode

အပိုင်း (၈၆)

မှူးမတ်ကြီး ရှောင်းယီ (၂)

နန်းပေါင်ရီ သည် ပန်းထိုးထားသောခုံပေါ်တွင်ထိုင်ကာ ကျန်းယွမ့်ဝမ် ကို စိမ်ပြေနပြေကြည့်၍ ....

"စောင့်နေရတာပျင်းရာကြီး သခင်လေး ကျန်း .. ကျွန်မတို့လည်းလောင်းရအောင်လား"

အရင်ဘဝနှင့်ယခုဘဝနှစ်ခုလုံးတွင် ကျန်းယွမ့်ဝမ် က သူမ၏အစ်မကို ဝမ်းနည်းအောင်လုပ်ခဲ့သဖြင့် နှစ်ဘဝလုံးအတွက် သူတောင်းပန်ဖို့ရန် လိုသည်။

ကျန်းယွမ့်ဝမ် က မျက်ခုံးပင့်ကာ ...

"ဘာကိုလောင်းမှာလဲ"

"ကျွန်မတို့မိသားစုအခွန်ရှောင်ထားတာရှိရင် မမကရှင်နဲ့လက်ထပ်လိုက်မယ် .. မရှိရင် ရှင်မမကို တောင်းပန်ရမယ်"

သူနှင့်အလောင်းအစားလုပ်ရဲသည့် သတ္တိမျိုး နန်းပေါင်ရီ ဘယ်ကရလာသလဲလို့ ကျန်းယွမ့်ဝမ် တွေးတောရင်း နားမလည်နိုင်ဖြစ်နေသည်။

နန်း အိမ်တော်ကအခွန်ရှောင်ထားမည်မှာ ကျိန်းသေဖြစ်သည်။ နန်း အိမ်တော်ကဲ့သို့ ကုန်သည်မျိုးကို မဆိုထားနှင့် သူတို့ ကျန်း မိသားစုသည်ပင် အခွန်ရှောင်ရန်ကြိုးစားနေတုန်းပင်။

မဟုတ်လျှင် ဝင်ငွေဘယ်လိုလုပ်ရှာနိုင်မှာလဲ။

ဒီကလေးမလေးက အလောင်းအစားလုပ်ရပုံကိုမသိခြင်းဖြစ်ရမည်ဟုတွေးပြီး လောင်းရန်ဆုံးဖြတ်ကာ ယပ်တောင်ကိုခါလိုက်ပြီး ပြုံးလျက်

"လောင်းမယ်လေ"

သုံးနာရီကြာခဲ့သည့် စစ်ဆေးခြင်းပြီးဆုံးသွားချိန်တွင် စာရင်းစစ်အဘိုးအိုက မတ်တတ်ရပ်၍ လူအများကို ဦးစွာခါးညွှတ်နှုတ်ဆက်သည်။ ထို့နောက် သခင်မ ချန် နှင့် သခင်မကြီး နန်း ရှိရာသို့ ရိုရိုသေသေ လှည့်လိုက်ပြီး ကျယ်လောင်စွာကြေညာလေသည်။

"နန်း အိမ်တော်ရဲ့ နှစ်အလိုက်စာရင်းတွေကို ကျွန်တော်တို့စစ်ပြီးပါပြီ .. တကယ်ပဲပြဿနာအချို့တွေ့ရပါတယ်"

သခင်မ ချန် ပျော်သွားသည်။

ယနေ့တော်ဝင်မိသားစုသည် အခွန်ကိစ္စကို အလွန်အရေးထားသည်။ တစ်စုံတစ်ယောက်အခွန်ရှောင်ပါက စစ်ဆေးပြီးသည့်အခါ သတင်းပေးပို့သူကို ချီးမြှင့်ငွေတစ်ဝက်ပေးသည်။

အာဃာတပြန်တမ်းWhere stories live. Discover now