part35

3.7K 473 16
                                    

unicode

အပိုင်း (၃၅)

အနာဂတ်ကောင်းတစ်ခု တည်ဆောက်ပေးပါ

ခြံထဲမှ ရှုပ်ထွေးနေသည်တို့ကို ရှောင်းယီ ဂရုမစိုက်ဘဲ နန်းပေါင်ရီ ကို အိပ်ရာခန်းထဲသို့ ပွေ့ချီလာခဲ့သည်။

......

နေဝင်စပြုချိန်ရောက်လာသည့်အခါ နွေးထွေးသောနေရောင်ခြည်က အခန်းထဲမှ အနည်းငယ်ရောင်ပြန်ဟပ်နေသည်။ ဝတ်စုံအနက်နှင့်လူငယ်က တံခါးကိုမှီလျက် နေနေစဉ် စင်္ကြံလမ်းအစွန်မှ ခြေသံများကို ကြားလိုက်ရသည်။

သခင်မကြီးက အစေခံတစ်ယောက်ကို အားယူတွဲကာ လမ်းလျှောက်လာရင်း စိုးရိမ်တကြီးနှင့် ပြောနေသည်။

"ကျောင်းကျောင်း က အခုထိဘာလို့မနိုးသေးတာလဲ သူနေကောင်းတယ်လို့ သမားတော်ပြောသွားတယ်မလား ... ပြီးတော့ နင်ရောပဲ သူအားနည်းနေတာကို သိရက်နဲ့ အစာတော့ စားခွင့်မပေးဘဲ အစောကြီးထခိုင်းပြီး စာလုပ်ဖို့အတင်းပြောနေတာက သူ့ကို နိုင်ထက်စီးနင်းလုပ်နေတာမဟုတ်ဘူးလား"

"ကောင်းကင်ဘုံက လူကောင်းတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ဖြစ်စေချင်ပြီဆိုရင် သူ့ရဲ့စိတ်ဝိဉာဉ်နဲ့ ဆန္ဒကို အရင်ပျက်ပြားစေတယ် .. အရိုးကြေကြေ အရေခမ်းခမ်း ပင်ပန်းစေပြီး ဆာလောင်မှုနဲ့ ဆင်းရဲမှုကို ရင်ဆိုင်စေတယ် ... အဘွားက သူ့ကိုဆက်ပြီးအလိုလိုက်နေရင် သူ့အတွက် ကောင်းတာတစ်ခုမှ မဖြစ်လာနိုင်ဘူး"

"မင်းက ဘာသိလို့လဲ .. ငါတို့ နန်း အိမ်တော်ရဲ့ မိန်းကလေးတွေ အချစ်ခံ အလိုလိုက်ခံရမှာ"

ရှောင်းယီ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး ...

"ဒါဆိုရင် ဘာကြောင့် သူ့ကို ချန်း မိသားစုနဲ့ လက်ထပ်စေချင်ရတာလဲ"

သခင်မကြီး ဆက်မပြောနိုင်ဘဲ တိတ်ဆိတ်သွားလေသည်။

ချန်း မိသားစုသည် ရှု တိုင်းပြည်မှ အကြွယ်ဝဆုံးသော မျိုးရိုးမြင့်မိသားစုတစ်စုဖြစ်ပြီး သခင်ကြီး ချန်း က အရာရှိများအနက် ရာထူးအမြင့်ဆုံးဖြစ်ခဲ့သည်။ ထိုအချိန်က ချန်း မိသားစုနှင့် ဆက်သွယ်ရန် အလွန်အားထုတ်ခဲ့ရသည့်အပြင် လက်ထပ်ထိမ်းမြားရန် စေ့စပ်လမ်းကြောင်းခြင်းကိုလည်း ခက်ခဲစွာလုပ်ခဲ့ရသည်။

အာဃာတပြန်တမ်းWhere stories live. Discover now