Part 18

4.1K 509 7
                                    

အပိုင်း (၁၈)

ရှောင်းယီက လက်ရေးလှရေးခိုင်းခြင်း

"အစ်ကို ၂"

နန်းပေါင်ရီ မျက်ရည်ဝဲနေပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သနားစဖွယ်ကြည့်နေသည်။ အစေခံများစွာရှိနေသောကြောင့် နန်းပေါင်ရီ မျက်နှာပျက်မည်စိုးသောကြောင့် ရှောင်းယီ က ...

"စာဖတ်ခန်းကိုလာခဲ့"

ပြောပြီးသည်နှင့် လှည့်ထွက်သွားလေသည်။

နန်းပေါင်ရီ လည်း မျက်ရည်များကိုသုတ်လိုက်ပြီး ရှောင်းယီ အနောက်မှ အမြန်လိုက်သွားလေသည်။

စာဖတ်ခန်းထဲရောက်သည့်အခါ နန်းပေါင်ရီ တံခါးပိတ်လိုက်ပြီး ပြတင်းပေါက်နားတွင်ထိုင်နေသော ရှောင်းယီ ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

သူမစိတ်မငြိမ်သဖြင့် လက်ချောင်းများကိုဆော့ကစားရင်း ရှောင်းယီ အနား လျှောက်သွားလေသည်။

"အစ်ကို ၂ .. ညီမလေးမှားပါတယ်"

"ဘယ်နေရာမှားတာလဲ"

"ညီမလေးအခြေခံလောက်တောင်မသိလို့ မီးဖိုဆောင်ကို ဖောက်ခွဲမိတယ်"

ရှောင်းယီ ကို နန်းပေါင်ရီ ဂရုတစိုက်နှင့်မော့ကြည့်လိုက်ပြီး ...

"ဒါပေမယ့် ညီမလေးက အစ်ကို ၂ရဲ့ကြင်နာမှုကို ပြန်တုံ့ပြန်ပေးချင်လို့ပါ"

ရှောင်းယီ လည်း လက်ဖက်ရည်ကိုသောက်လိုက်ပြီး အေးစက်စက်အမူအရာနှင့် ...

"ငါ့ကိုပြဿနာတက်အောင်မလုပ်တာက အကောင်းဆုံးတုံ့ပြန်ပေးတာပဲ"

"ဟုတ်"

နန်းပေါင်ရီ ဝမ်းနည်းစွာပြောလေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now