part 69

3.4K 403 9
                                    

unicode
အပိုင်း (၆၉)

အကြံများသော နန်းပေါင်ရီ

"တောင်းပန်တယ် .. ငါ့လက်ကချော်သွားလို့"

ရှောင်းယီ တောင်းပန်လျက် နန်းပေါင်ရီ ကို ကမ်းစပ်သို့ ကိုယ်တိုင်ချီသွားပြီး သူမအအေးပတ်မည်စိုးသောကြောင့် လှည်းပေါ်တင်လျက် အိမ်တော်ကိုပြန်လာခဲ့လေသည်။

နန်းပေါင်ရီ သူမအခန်းသို့ပြန်ရောက်သည့်အခါ ရေချိုးကန်ထဲတွင်စိမ်ကာ သနားစဖွယ်ကောင်းအောင် နှာချေနေလေသည်။

ဟယ်ယဲ့ က ရေနွေးအနည်းငယ်ယူကာ သူမကိုယ်ပေါ်သို့ ညင်သာစွာလောင်းချပေးလေသည်။

"လှေပြိုင်ပွဲသွားကြည့်မယ်ဆိုပြီး ဘာကြောင့်များ မြစ်ထဲကျသွားရတာလဲ ... ဒုသခင်လေး ရေကူးတတ်လို့တော်သေးတာပေါ့ မဟုတ်ရင် သခင်မလေးကို ကယ်လို့မရဘဲနေမယ် ... သခင်မလေးတစ်ခုခုဖြစ်သွားရင် ကျွန်မဘယ်လိုလုပ်ရတော့မလဲ သခင်မကြီးလည်း သိသွားရင် ရင်ကျိုးရတော့မယ် ... ဘာဖြစ်ဖြစ် ဒုသခင်လေးကို ကျေးဇူးတင်ရမယ် !"

နန်းပေါင်ရီ မျက်လုံးများနီရဲလာပြီး နှစ်ခါဆက်တိုက် နှာချေလေသည်။

လှေပေါ်ကိုသူမကိုယ်တိုင်တက်နိုင်ပြီး ကျန်းဆွေ့ဟန် ကို လှမ်းဆွဲရန် ပြင်လိုက်ချိန်တွင် ရှောင်းယီ က လှော်တက်ဖြင့် သူမကို မြစ်ထဲပုတ်ချခဲ့သည်။

အားလုံးက ရှောင်းယီ ၏ အပြစ်ပင်။

"ရေနားမသွားနဲ့လို့အမြဲမှာတာကို ဘယ်တော့မှနားမထောင်ဘူး အခုတော့ဖြစ်ရပြီ ... အအေးမိပြီးဖျားသွားရင် ဘယ်လိုလုပ်မလဲ...."

ဟယ်ယဲ့ မနားတမ်းဆက်ပြောနေသဖြင့် နန်းပေါင်ရီ ခေါင်းကိုက်လာပြီး သူမကိုအပြင်ထွက်သွားခိုင်းလိုက်သည်။

ဟယ်ယဲ့ အခန်းထဲမှထွက်သွားပြီးနောက် အပြင်ဘက်တွင်ရပ်စောင့်နေသော ရှောင်းယီ ကို တွေ့လိုက်သည်။

"ဒုသခင်လေး"

ဟယ်ယဲ့ ရိုကျိုးစွာ ဦးညွှတ်လိုက်သည်။

"သခင်မလေးကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

"အခုရော ဘယ်လိုနေသေးလဲ"

အာဃာတပြန်တမ်းWhere stories live. Discover now