part 70

3.6K 404 19
                                    

unicode

အပိုင်း (၇၀)

လက်ထပ်ခြင်းကံကြမ္မာ

အနည်းငယ်ကြာအောင် ရှိခိုးဟန်ဆောင်ပြီးနောက် အနောက်လှည့်ကာ အံ့ဩဟန်နှင့် ...

"အစ်ကို ၂ !"

နန်းပေါင်ရီ ဂါဝန်ကိုမကာ ပြေးသွားလိုက်ပြီး ...

"နောက်ကျနေပြီလေ .. အစ်ကို ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ မတော်လို့ လှိမ့်ကျသွားရင် ရင်ကျိုးရချည်ရဲ့"

ရှောင်းယီ သူမကို ပြန်မပြောလိုတော့သဖြင့် ဝတ်ရုံကို လှမ်းပေးလိုက်ပြီး ...

"ဝတ်လိုက်"

"အစ်ကို ၂က ညီမလေးအတွက် ဝတ်ရုံယူလာပေးတာလား .."

နန်းပေါင်ရီ က ဝတ်ရုံကို ချစ်စရာကောင်းစွာခြုံလိုက်ပြီး ...

"အစ်ကို ၂က ညီမလေးကို ဂရုစိုက်ပေးတယ် ... အစ်ကိုက တကယ်အကောင်းဆုံးပဲ !"

"နားညီးတယ်"

ဖျာဘေးတွင်ချထားသော မီးအိမ်လေးကို ရှောင်းယီ ကောက်ယူလိုက်ပြီး ...

"တောင်အောက်ဆင်းရအောင်"

"ခဏလေး !"

နန်းပေါင်ရီ မှာ တြိဂံပုံစံရှိ အဆောင်ငယ်တစ်ခုကိုယူထုတ်ရင်း ...

"ညီမလေး ငွေတချို့လှူလိုက်ပြီး အစ်ကို့အတွက် အဆောင်တောင်းလိုက်တာ .. ဒါဆောင်ပြီး တိုက်ပွဲဝင်ရင် အစ်ကို ဘေးကင်းလိမ့်မယ်"

နန်းပေါင်ရီ ခြေဖျားထောက်ကာ ရှောင်းယီ လည်ပင်းတွင် အဆောင်ဝတ်ပေးရန် ပြင်လိုက်သည်။

ခန်းမမှာ မီးအိမ်များ၏အလင်းရောင်များကြောင့် အလွန်လှပနေပြီး သူ့အနားကပ်လာသော ကလေးမလေးမှာလည်း အလင်းရောင်အောက်တွင် ရပ်နေသဖြင့် သူမ၏မျက်လုံးများမှာ တောက်ပနေလေသည်။

နန်းပေါင်ရီ အဆင်ပြေစေရန်အတွက် ရှောင်းယီ ခေါင်းငုံ့ပေးပြီးနောက် အဆောင်လေးကို နန်းပေါင်ရီက ဝတ်စုံကြားထဲ ထည့်သိမ်းပေးထားလိုက်သည်။

"အစ်ကို ၂ သေချာပေါက်အောင်ပွဲခံပြီး ဘေးကင်းကင်နဲ့ပြန်လာရမယ်"

အာဃာတပြန်တမ်းWhere stories live. Discover now