part95

3.2K 413 17
                                    

unicode

အပိုင်း (၉၅)

နီရဲဖူးရောင်နေအောင် အရိုက်ခံရသည့် တောင်ပိုင်းသူ

နန်းပေါင်ရီသည် မိန်းကလေးများ နဲ့အတူ မင်္ဂလာခန်းမကို လာခဲ့သည်။ အရာရှများ၊ ရဲမက်များသည် အပြင်အဆင်တို့ကို ဖျက်ဆီးထားပြီး ခန်းမကို ပတ်လည် ဝိုင်းထားသည်။ အရာရှိခေါင်းဆောင်က တင်းမာစွာ ပြောလိုက်သည်။

“ရုံးတော်က တိုင်ချက်တစ်ခု ရထားတယ်၊ တစ်စုံတစ်ယောက်က ပေကျင်းရဲ့ ဒုတိယ အဆင့်အမတ်ကို ပြန်ပေးဆွဲထားပြီး အမတ်ယောင် ဟန်ဆောင်နေတယ်တဲ့”

လူတိုင်းဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရှအိမ်တော်မှ လူများသည် သူတို့သခင်မလေးကို ပေကျင်း၏ ဒုတိယအဆင့် အမတ်ကတော်ဖြစ်ပြီဆိုပြီး ကြွားဝါနေခဲ့ကြသည်။

‘ဘာကြောင့်အခုမှ ရုံးတော်ကလူတွေရောက်လာပြီး ဒါကိုအတုလို့ပြောရသည်လဲ’

ထိုအရာရှိသည် ရှောင်းယီအား စားပွဲတစ်ခုမှာ ထိုင်နေသည်ကိုတွေ့ပြီး ရိုရိုသေသေ ပြောလာသည်။

“အမတ်မင်း၊ ဒီနေရာမှာ အမတ်မင်းက ရာထူးအကြီးဆုံးပါ၊ ကျေးဇူးပြုပြီး ဒီအမှုကို စီရင်ဆုံးဖြတ်ပေးပါ”

ချောမောခံ့ညားသည့် လူငယ်လေးက ပန်းကန်လုံးကို ဂရုမစိုက်ဘဲ လှည့်ကစားရင်း မျက်တောင်များကို ပင့်လိုက်ပြီး အပြင်ဘက် လူစုလူဝေးထဲမှ နန်းပေါင်ရီကို ပြုံးပြီးတစ်ချက်ကြည့် လိုက်သည်။

သူမက ဝမ်လင်ကို ပေကျင်း၏ ဒုတိယအဆင့် အမတ်လို ဟန်ဆောင်ခိုင်းပြီး ရုံးတော်ကို အမည်မသိ တိုင်ကြားချက်တစ်ခု ပို့လိုက်ခြင်းဖြစ်သည်။ ရှချင်ချင်က သူမကို ထိခိုက်အောင် လုပ်ခဲ့သည့်အတွက် လက်စားချေခြင်းဖြစ်သည်။ ရှောင်းယီက မေးလိုက်သည်။

“ဝမ်လင်၊ မင်းဘာပြောစရာရှိသေးလဲ”

ဝမ်လင်ကပြုံးလိုက်ပြီး “ကျွန်တော်က အတုဆိုတာအမှန်ပါပဲ”

အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ရှသခင်မကြီးသည် မယုံနိုင်သေးဟန် ပြောလိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now