11 - 15

579 45 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်းစာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ       - ကိုခန့်
အပိုင်း ( 11 ) သိုင်းစစ်သည် နယ်ပယ်

ဒုတိယလျှောက်လမ်းမှာ ကြေးနဲ့ပြုလုပ်ထားတဲ့ သေတ္တာလေးတစ်လုံးပဲရှိနေပါသည်။

လုမင် သေတ္တာကို ဖွင့်ကြည့်လိုက်၏။ အထဲမှာ စာအုပ်နှစ်အုပ်နှင့် ကျောက်စိမ်းသေတ္တာလေးတစ်လုံးရှိနေပါသည်။

စာအုပ်တစ်အုပ်က သာမန်စက္ကူတွေမဟုပ်ပဲ ရွှေရောင်အမျိုးစားတွေနှင့် ပြုလုပ်ထားကာ စာရွက်တစ်ရာခန့်ရှ်ိပါ၏။

စာအုပ်အဖုံးမှာ စာလုံးကြီးလေးလုံးကို ရေးသားထားလေသည်။
"နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီပညာရပ်"
အစစ်အမှန်နဂါးတိုက်ခိုက်ရေးပညာရပ် ဟုလည်း ခေါ်သည်။

လုမင် စာအုပ်ကို အမြန်ဖွင့်ကြည့်လိုက်မိသည်။

"ဒါက အစစ်အမှန်နဂါးတိုက်ခိုက်ရေးပညာရပ်ရဲ့ ဒုတိယပိုင်းမဟုပ်ဘူးပဲဟ… ဒါက ပြီးပြည့်စုံတဲ့ နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီပညာရပ်ပဲ"
လုမင်ရဲ့ မျက်လုံးတွေ တောက်ပသွားခဲ့သည်။

သေချာကြည့်ပြီးနောက် လုမင်ရဲ့မျက်နှာပေါ်ရှ်ိအပြုံးက ပိုပီပြင်လာခဲ့တော့သည်။

မှတ်တမ်းအရ ပထမလျှောက်လမ်းရှိ အစစ်အမှန်နဂါးတိုက်ခိုက်ရေးပညာရပ်ဟာ ပထမအဆင့်မဟုပ်ပေ။ယင်းက ‌အုတ်မြစ်ချရန်နှင့် သွေးကြောတွေဖွင့်ဖို့အတွက် ညွှန်ပြပေးထားခြင်းသာဖြစ်သည်။

ယခုရရှိတဲ့ စာအုပ်ကမှ စစ်မှန်တဲ့ နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီပညာရပ်ပင်။

နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီကို အဆင့်ကိုးဆင့်ခွဲထား၏။

ထိုပညာရပ်က ချီစွမ်းအင်ကို နဂါးပုံစံ ချီစွမ်းအင်အဖြစ်ပြောင်းလဲပေးရခြင်းဖြစ်ပြီး သာမန်ချီစွမ်းအင်ထက် ပိုသိပ်သည်းစေနိုင်ပါသည်။

မှတ်တမ်းတွေအရ ထိုပညာရပ်ရဲ့ ပထမအဆင့်ကို အောင်မြင်သွားရင် မိမိရဲ့ အစစ်အမှန်ချီက သာမန်ချီစွမ်းအင်ထက် နှစ်ဆပိုသိပ်သည်းလာမည်ဖြစ်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now