571 - 575

269 27 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 571 )  မိုးကြိုးနန်းတော်ရှင်နှင့် တိုက်ပွဲ

"လုမင်"

"ခွေးမသားလေး၊ မင်းလား"

လုမင် ရောက်ရှိလာသောအခါ မီးနန်းတော်ရှင်နှင့် မိုးကြိုးနန်းတော်ရှင်က ရုတ်တရက် ထအော်လိုက်ကြသည်။

လုမင်လည်း မီးနန်းတော်ရှင်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်၏။

မိုးကြိုးနန်းတော်ရှင်၏ အလစ်ချောင်းတိုက်ခိုက်မှုက  မီးနန်းတော်ရှင်ရင်ဝကို ထိမှန်သွား၍ အားနည်းနေခဲ့ချေပြီ။ ၎င်း၏ နက်နဲသော ကျင့်ကြံခြင်းအခြေခံကြောင့်သာမဟုတ်လျှင် တခါတည်း သေသွားနိုင်သည်။

"လုမင်၊ သွား... ထွက်သွားတော့"
မီးနန်းတော်ရှင် အော်ဟစ်လိုက်၏။

"သွားမှာ... ဘယ်ကိုသွားမှာလဲ..။ နောက်ဆုံးတစ်ခေါက်ကတောင် ကံကောင်းလို့ မင်းလွတ်သွားခဲ့တာ... ဒါကို ဒီနေရာမှာ ထပ်ပေါ်လာဝံ့တယ်ပေါ့..။ ဟားဟားဟား... ဒီနေ့တော့ မင်းကိုဘယ်သူမှ မကယ်နိုင်တော့ဘူး"
မိုးကြိုးနန်းတော်ရှင်က ဝမ်းသာအားရ ရယ်မောလိုက်သည်။

ဤတစ်ခေါက်တွင် သူက ရွှမ်းဟွမ်ဆီလီကာကို ရရှိပြီး အန္တရာယ်ကောင်လုမင်ကိုလည်း သတ်နိုင်တော့မည်ဖြစ်သောကြောင့် အလွန်ဝမ်းသာသွား၏။

လုမင်မျက်လုံးက အရောင်လက်သွားပြီး တန်တန်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။

'တန်တန်... မင်းက ပြိုင်ဘက်ကင်းတန်ခိုးရှင်လို့ ပြောခဲ့တယ် မဟုတ်လား... အခု ဒီအဘိုးကြီးကို ကူညီပြီး သတ်ပေးနိုင်မလား'
လုမင် ပြောလိုက်သည်။

'အဟမ်း အဟမ်း... ငါမင်းကို မပြောဘူးလား..။ ငါက အခုလေးမှ ပြန်မွေးဖွားလာလို့ ငါ့ခွန်အားတွေ ပြန်မရသေးပါဘူးဆို..။ အဲတာကြောင့် ငါ... ငါက သူ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး..။ ဒါပေမဲ့ မင်းငါ့ကိုယုံပါ... ငါသာ ခွန်အားပြန်ရရင် ဝိညာဉ်ပင်လယ်နယ်ပယ်ဆိုတာ စာဖွဲ့ဖို့တောင် မလိုဘူး..။ ငါလေတစ်ချက်မှုတ်လိုက်ရုံနဲ့ ကိစ္စပြတ်တယ်..။ သိုင်းအုပ်ချုပ်သူဆိုရင်တောင် ငါ့ဆီက တစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး'
တန်တန်က လုမင်ပခုံးပေါ်တွင်ရပ်ကာ ဝံ့ကြွားဟန်ဖြင့် ပြောလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now