671 - 675

245 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 671 ) ဝိညာဉ်ပင်လယ်နယ်ပယ်ကို အပြစ်ပေးခြင်း

ထိုလူ၏ ခွန်အားကို သူတို့သိကြသည်။ ယခုတိုက်ပွဲတွင် ထိုလူက သူတို့ကြားမှ အသန်မာဆုံးဖြစ်၏။ ယခုတော့ ကျပန်းလက်သီးတစ်လုံးဖြင့် သေဆုံးသွားခဲ့ရချေပြီ။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက မြင့်မားလွန်းကာ ကြောက်စရာကောင်းသည်။

"အသူရာ၊ သူက အသူရာပဲ၊ငါ ဒီလက်သီးသိုင်းကို မြင်ဖူးတယ်"
ရုတ်တရက် အဘိအဘိုးကြီးတစ်ယောက်က အော်ဟစ်ကာ ​လုမင်ကို ​ကြောက်လန့်တကြားဖြင့်ကြည့်လိုက်သည်။

"ဘာ၊ သူလား... သူက အသူရာလား"

"ဖြစ်ဖို့များတယ်၊ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြောက်စရာခွန်အားရှိတာ သူက အသူရာပဲ။ ဖြစ်ကောင်းဖြစ်နိုင်တာက သူ မျက်နှာဖုံး ချွတ်လာတာပဲ"

အခြားအထွတ်အထိပ်ဘုရင်များလည်း အော်ဟစ်ကာ လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်ကြသည်။

လုမင်သာ အသူရာမှန်ပါက ဤဆေးပင်ကို မမျှော်မှန်းသင့်ကြောင်း သူတို့ သိသည်။ 

အသူရာက ပင်လယ်သားရဲများနှင့် တိုက်ပွဲတွင် ပင်လယ်ရေနက်မြွေကြီးတစ်ကောင်ကိုပင် တစ်ယောက်တည်းဖြင့် သတ်ပစ်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းကာ ၎င်းတို့ကိုသတ်ရန် အားထုတ်စရာပင် မလိုပေ။

"ဒီဆေးပင်တွေကို ငါလိုချင်တယ်"
လုမင်က ထိုလူများကို တစ်ချက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး၊ ညီငယ်လေးက လိုချင်မှတော့ ယူလို့ရပါတယ်"
အဘိုးကြီးက ပြုံးလိုက်သည်။

လုမင်လည်း အပြောင်းအလဲမရှိသော မျက်နှာဖြင့် ဝိညာဉ်မြက်များဆီသို့  လျှောက်သွားသည်။

"ရွှစ်"
လုမင်က ဝိညာဉ်မြက်အနီးသို့ ရောက်ခါနီးတွင် ဓားအလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

လုမင်လည်း မျက်မှောင်ကြုတ်ကာ ဓားအလင်းကို ရှောင်ရင်း အနောက်ဆုတ်လိုက်တော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now