146 - 150

381 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 146 ) သိုင်းဆရာသခင်နယ်ပယ်သို့ အဆင့်တက်ခြင်း

ဖီးနစ်ဂူထဲကို ဝင်လိုက်သည်နှင့် လုမင်ဟာ သိပ်သည်းလှသော သဘာဝစွမ်းအင်တွေကို ခံစားလိုက်ရပါသည်။

'မိုးနဲ့မြေရဲ့သဘာဝစွမ်းအင်တွေက အပြင်မှာထက် ဆယ်ဆပိုသိပ်သည်းတာပဲ'
လုမင် တိတ်တဆိတ် အံ့သြသွားခဲ့လေ၏။

ဂူထဲကို ဝင်ရုံနှင့်ပင် မိုးနှင့်မြေ၏ သဘာဝစွမ်းအင်တွေဟာ အလွန်သိပ်သည်းနေခဲ့လေသည်။ ဒီဂူထဲမှသာ လေ့ကျင့်လိုက်ရင် သူ့ရဲ့ကျင့်ကြံခြင်းအမြန်နှုန်းက အလွန်ကြောက်စရာကောင်းလောက်အောင် တိုးတက်နေတော့မှာဖြစ်သည်။

ကံမကောင်းစွာနှင့် ယင်းက မဖြစ်နိုင်ပေ။ မိုးနှင့်မြေ၏ သဘာဝစွမ်းအင် ပြန်လည်သိပ်သည်းလာနှုန်းကလည်း အကန့်အသတ်ရှိနေလေ၏။

လုမင်လည်း အတွင်းပိုင်းကို ဆက်လျှောက်လာခဲ့လိုက်ပါသည်။ မီတာဒါဇင်များစွာ လျှောက်လှမ်းလာခဲ့ပြီးနောက် လုမင်ဟာ ဘေးနှစ်ဖက်မှာ အခန်းများစွကို မြင်လိုက်ရပါသည်။ ယင်းက လာရောက်လေ့ကျင့်သူတွေအတွက် ပြုလုပ်ထားသောအခန်း ဖြစ်ပုံရသည်။

လုမင်လည်း ဆက်လျှောက်လာပြီးနောက် ပိုမိုသိပ်သည်းသော သဘာဝစွမ်းအင်တွေကို ခံစားလိုက်ရပြန်ပါသည်။

မီတာတစ်ရာခန့် ဝင်လာခဲ့ပြီးနောက်မှာတော့ မိုးနှင့်မြေ၏ သဘာဝစွမ်းအင်ဟာ အလွန်သိပ်သည်းနေပေတော့သည်။

ဤနေရာက ဖီးနစ်ဂူထဲမှာ မိုးနှင့်မြေ၏ သဘာဝစွမ်းအင် အကြွယ်ဝဆုံးနေရာဖြစ်သည်။

လုမင်လည်း ဆက်မသွားတော့ဘဲ နီးစပ်ရာ အခန်းတစ်ခုထဲကိုဝင်သွားကာ ကျောက်တံခါးကိုပိတ်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်ပါသည်။

ထို့နောက် သွေးအလင်းတွေနှင့်သွေးမျိုးဆက် ထွက်ပေါ်လာ၏။

သွေးမျိုးဆက်က အဆင့်ငါးဖြစ်သွားပြီးနောက် ဝါးမြိုခြင်းသွေးမျိုးဆက် မြွေကလေးက ယခင်ကထက် ပိုကြီးထွားလာခဲ့ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now