316 - 320

317 30 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 316  ) အင်ပါယာနှစ်ခုမှာ ‌ကျော်ကြားခြင်း

သို့သော် သေချာကြည့်မိသောအခါ လုမင်အံ့ဩသွားရ၏။

ယင်းက အမှန်ပင် ဝိညာဉ်လက်နက်၊ ချပ်ဝတ်၊ ဆေးလုံးတွေနှင့် စာလိပ်တွေပင် ဖြစ်ပေသည်။ သို့သော် ၎င်းက အဆင့်သိပ်မမြင့်ကြသည့်တိုင် အရေအတွက်မှာတော့ အလွန်များ၏။

စစ်သုံးဓားတွေ၊ လှံတွေ၊ စတာတွေကို တောင်လိုခွဲပုံထားလေသည်။

ချပ်ဝတ်တွေ၊ ဆေးလုံးတွေထည့်ထားသော ကျောက်စိမ်းပုလင်းတွေမှာလည်း တောင်ပုံရာပုံပင် ဖြစ်နေတော့သည်။

များ၏။ ယင်းကအလွန်များလွန်းသည်။

လုမင်၏ခန့်မှန်းမှုအရ ဝိညာဉ်လက်နက်နှင့် ချပ်ဝတ်အစုံလိုက်ကို အနည်းဆုံး တစ်သိန်းဝန်းကျင်ခန့် ရှိပေလိမ့်မည်။

ယင်းက အမှန်ပင် လက်နက်တိုက်တစ်ခုဖြစ်သည်။

ထိုအထဲမှာ အများစုက အဆင့်နှစ် ဝိညာဉ်လက်နက်တွေဖြစ်ပြီး အဆင့်သုံးလည်း အနည်းငယ်ရှိသည်။ အဆင့်လေး ဝိညာဉ်လက်နက်တွေလည်း ရှိသော်လည်း အရေအတွက်ကတော့ သိပ်မများပေ။

"ဟင်… အနှစ်သာရသိပ်သည်းဆေးနဲ့ မူလချိုးဖြတ်ဆေးလုံးတွေပါလား"
ဆေးလုံးတွေကို စစ်ဆေးကြည့်ပြီးသောအခါ လုမင် ဝမ်းသာအားရဖြစ်သွားခဲ့၏။

အနှစ်သာရသိပ်သည်းဆေးက သိုင်းစစ်သည်နှင့် သိုင်းသခင်နယ်ပယ်တွေ၏ ကျင့်ကြံခြင်းအခြေခံကို လျင်မြန်စွာ တိုးတက်စေနိုင်ပေသည်။

မူလချိုးဖြတ်ဆေးကတော့ နယ်ပယ်ချိုးဖြတ်ရာမှာ အဆင်ပြေ၏။

သို့သော် အဆင့်တွေတော့ မမြင့်မားကြပေ။ အများစုမှာ အဆင့်နှစ်ဆေးလုံးတွေဖြစ်ကြပြီး သိုင်းဆရာသခင်တွေအတွက် အသုံးမဝင်တော့ပါချေ။ သို့သော် အရေအတွက်ကမူ အလွန်များပြားနေဆဲပင် ဖြစ်၏။

သို့ဖြစ်ပေရာ လုမင်အလွန်စိတ်လှုပ်ရှားနေတာဟာ အံ့ဩစရာ မဟုတ်တော့ပေ။ ယင်းက တပ်မဟာကြီးတစ်ခုကိုပင် ဖန်တီးနိုင်စေလောက်၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now