951 - 955

254 24 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 951 ) တော်ဝင်မြို့တော်ကို တိုက်ခိုက်ခြင်း။

ထိုသို့သော တည်ရှိမှုသည် အလွန်အစွမ်းထက်ပြီး သာမာန် နတ်မျက်စိမျိုးနွယ်ဝင်များနှင့် မနှိုင်းယှဉ်နိုင်ပေ။

အကြောင်းမှာ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်နိုင်သူများက မည်သူမဆို ပါရမီရှင်များကြားမှ ပါရမီရှင်တစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။

လူသား တန်ခိုးရှင်များအတွက်တော့ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်သွားရန် အခြေခံလိုအပ်ချက်မှာ နတ်ဘုရားအဆင့် သွေးမျိုးဆက်အား နိုးထစေခြင်း ဖြစ်သည်။

နတ်ဘုရားအဆင့် သွေးမျိုးဆက်ကို မနိုးထနိုင်ပါက ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန် ဖြစ်နိုင်ချေ တစ်ရာပုံ တစ်ပုံပင် မရှိပေ။

နတ်ဘုရားအဆင့် သွေးမျိုးဆက်ကို နိုးထလာသူများသာ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန် အရည်အချင်းပြည့်မီသည်။ သို့သော်လည်း ထိုသည်မှာ အခြေခံ အရည်အချင်းတစ်ခုမျှသာ ဖြစ်သည်။ နတ်ဘုရားအဆင့်တစ် သို့မဟုတ် အဆင့်နှစ် သွေးမျိုးဆက်ကို နိုးထထားသူ အများစုအတွက် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ အမှန်တကယ် ဖြတ်ကျော်‌သောအခါ ကျရှုံးရဆဲပင်။

ဟုတ်သည်၊ နတ်ဘုရားအဆင့် သွေးမျိုးဆက်၏ အဆင့်မြင့်လေ၊ အောင်မြင်မှုနှုန်းကလည်း မြင့်မားလေပင်။

ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် နှစ်ပေါင်း ငါးထောင် သက်တမ်း ရှိသည်။ သို့ဆိုလျှင် အရှေ့ပိုင်းကန္တာရ၌ လွန်ခဲ့သောနှစ်ပေါင်း ငါးထောင်အတွင်း ဝိညာဉ်နတ်ဘုရားနယ်ပယ် မည်မျှ များပြားခဲ့မည်နည်း။

တကယ်တမ်းတွင် အလွန်နည်းပါးသည်။

မျိုးဆက်တိုင်းတွင် နတ်ဘုရားအဆင့် သွေးမျိုးဆက်ကို နိုးကြားစေခဲ့သော ပါရမီရှင်က ဘယ်လောက်များများ ရှိသနည်း။ ပါရမီရှင်တစ်ထောင်စာရင်း၏ ထိပ်တန်းသုံးရာနှင့် အသစ်တိုးတက်လာသော ပါရမီရှင်များလည်း ရှိသည်။ ၎င်းတို့အားလုံးသာ ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ခဲ့ပါက မျိုးဆက် တစ်ခုတည်းမှာပင် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်နိုင်သူမှာ ရာနှင့်ချီပြီး ရှိကြပေလိမ့်မည်။ ယင်းက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါမည်နည်း။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now