51 - 55

406 37 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ကိုခန့်
အပိုင်း ( 51) နင်းဖန် ရောက်လာခြင်း

မျက်စေ့တစ်မှိတ်အတွင်း နှစ်ရက်ကုန်လွန်သွားခဲ့သည်။

"လုမင်… ထွက်လာခဲ့စမ်း!"
ယနေ့ လုမင်လေ့ကျင့်နေစဉ် ရုတ်တရက် အပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရပါသည်။

"နင်းဖန်"
လုမင် ထိုအသံပိုင်ရှင်ကို မှတ်မိပါသည်။ ယင်းက ဂိုဏ်းစဝင်သောနေ့မှာ သူ့ကို ပြဿနာရှာခဲ့သော တပည့်ဟောင်းတစ်ဦးဖြစ်သည်။

"ဒီနင်းဖန်… ငါ့ကို စမ်းသပ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်ထင်တာ… သူကိုယ်တိုင်ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး"
လုမင်ရဲ့ မျက်လုံးထဲမှာ အေးစက်စက်အလင်းတွေ တောက်ပသွားခဲ့ပါသည်။ သူက အခန်းတံခါးကိုဖွင့်ပြီး ထွက်လာလိုက်သည်။

သူအခန်းထဲမှ ထွက်လာပြီးနောက် ပန်ရှီနှင့် ဟွာချီတို့ပါ ထွက်လာကြတာကို မြင်လိုက်ရပါသည်။ သူတို့လည်း ထိတ်လန့်သွားခဲ့တာ သိသာသည်။

"ဂိုဏ်းတူအကိုလုမင်… ဘာဖြစ်တာလဲ"
ပန်ရှီက စိုးရိမ်ပူပန်ဟန်နှင့် ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး!"
လုမင်က ပြုံးလိုက်ပါသည်။

"လုမင်… ကျုပ်ဆီကို ထွက်လာခဲ့စမ်း!"
နင်းဖန်ရဲ့ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြန်သည်။

ကျွီ!
လုမင်လည်း ခြံဝင်းတံခါးကိုဖွင့်ပြီး ထွက်သွားလိုက်ပါသည်။

ခြံဝင်းအပြင်ဝယ် လူငယ်ခုနစ်ဦးခန့်ရှ်ိနေလေ၏။ နင်းဖန်က ထိုအဖွဲ့ကို ဦးဆောင်လာခြင်းဖြစ်ပြီး သူ့ဘေးတွင် ယင်ခိုင်ပါ ရှိနေပါသည်။ အခြားသူများကလည်း တစ်ဦးစီက သန်မာသောအော်ရာများ ရှိနေကြသည်။ သူတို့က မီးငှက်ခန်းမရဲ့ တပည့်ဟောင်းများဆိုတာ သိသာပါသည်။

"လုမင်… ခင်ဗျား နောက်ဆုံးတော့ ထွက်လာပြီပေါ့… ကျုပ်က ခင်ဗျား လိပ်တစ်ကောင်လို အခန်းထဲမှာပဲ ပုန်းနေမယ်လို့ ထင်ထားတာ"
နင်းဖန်က လုမင်ကို အေးစက်စက်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင်မူ နက်ရှိုင်းသော သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေ၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now