71 - 75

367 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 71 ) အမှောင်သွေးကျောက်

တစ်လကျော်အတွင်း လုမင်၏ ကျင့်ကြံခြင်းအခြေခံဟာ အဆင့်နှစ်ဆင့် ချိုးဖြတ်သွားခြင်းဖြစ်ချေသည်။ ဒီအမြန်နှုန်းက အလွန်အံ့ဩစရာကောင်း၏။

"ဒီသွေးရည်က အခြားသူတွေအတွက် ပြင်းထန်တဲ့ အဆိပ်ဖြစ်စေနိုင်ပေမယ့် ငါ့အတွက်တော့ အမြင့်ဆုံးရတနာပဲ… ဒီလိုကံကောင်းမှုမျိုးက အလွယ်တကူရှာလို့တွေ့နိုင်တာ မဟုတ်တာတော့ ခက်တယ်"
လုမင်တွေးလိုက်ပါတယ်။

"သိုင်းသခင်အဆင့်ခုနစ်က တကယ်အစွမ်းထက်တယ်… ငါသိုင်းသခင်အဆင့်ငါးကထက် ဘယ်လောက်ပိုသန်မာလာပြီဆိုတာ မသိပေမယ့် အခုနေ နင်းဖန်နဲ့ တိုက်ခိုက်ရရင်တော့ သူ့ကို တစ်ကွက်ထဲနဲ့ သတ်နိုင်နေပြီ"
လုမင် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်တွေကို ခံစားကြည့်ရင်း ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

"ရွှီ"
ဒီအချိန်မှာပဲ အသံတစ်ချက်ကို ကြားလိုက်ရသည်။

ယင်းက ရေကန်ထဲက ထွက်ပေါ်လာခဲ့ခြင်းပင်။ လုမင် လှမ်းကြည့်လိုက်ပြီးနောက် အမှောင်သွေးပိုးကောင်လေးတစ်ကောင်ကို မြင်လိုက်ရသည်။

ထိုပိုးကောင်က တစ်ပေခန့်ရှည်ပြီး တစ်လက်မခန့်လုံးပတ်ရှိသည်။ သူ့ကို ကြည်လင်သောသွေးလိုအရေပြား‌က ဖုံးအုပ်ထားပြီး ချွန်ထက်သောအစွမ်များကို ပိုင်ဆိုင်ထားပါသည်။

လုမင်ကိုမြင်ပြီးနောက် ပိုးကောင်လေးက ထိတ်လန့်သွားဟန်ဖြင့် မြန်ဆန်စွာထွက်ပြေးလိုက်၏။

"ဒါ… ဒါသွေးပိုးကောင်ပဲ"
လုမင် ခဏတာအံ့အားသင့်သွားပြီးနောက် ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။

‌ရှေးမှတ်တမ်းများအရ သွေးပိုးကောင်ဟာ အမှောင်သွေးကျောက်တုံးများရှိရာတွင် နေလေ့ရှိသည်။ ပြောရလျှင် ထိုသွေးပိုးကောင် ရှိသောနေရာ‌တွင် အမှောင်သွေးကျောက်များစွာ ရှိနေပေလိမ့်မည်။

မမျှော်လင့်ပဲ ဒီနေရာမှာလည်း သွေးပိုးကောင်တစ်ကောင် ရှ်ိနေလေ၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now