271 - 275

339 27 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 271 ) လျှို့ဝှက်ချက်များ

အဓိပဓိကျိုးယန်ဟာ နဝမနဂါး၏ အကြွင်းအကျန်နယ်မြေမှ နဝမနဂါးသွေးအဆီအနှစ် နှစ်စက်နှင့် ပြန်ထွက်လာနိုင်ခဲ့ပါသည်။ သို့တိုင် သူကိုယ်တိုင်လည်း ဒဏ်ရာ အပြင်းအထန် ရခဲ့လေ၏။

သို့သော် ဆရာအရင်းက ဒဏ်ရာရထား‌သောသူ့ကို တိုက်ခိုက်လာမည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပါချေ။ ဧကရာဇ်ရီဝူဟွမ်ကြောင့် သူ့ဒဏ်ရာပိုပြင်းထန်ခဲ့ကာ သူ၏ ယန်ကိုးပါးသွေးမျိုးဆက်ကိုပါ ဆုံးရှုံးလိုက်ရလေတော့သည်။

ထို့အပြင် နဝမနဂါးသွေးအဆီအနှစ် နှစ်စက်ကိုလည်း ဧကရာဇ်ရီဝူဟွမ်က လုယူသွားခဲ့လေ၏။

သို့သော် ဧကရာဇ်ရီဝူဟွမ်ဟာ အဓိပဓိကျိုးယန်၏ ယန်ကိုးပါး သွေးမျိုးဆက်ကို လျှော့တွက်နေမိဆဲပင်။ ယင်းက နတ်ဘုရားအဆင့် သွေးမျိုးဆက်ဖြစ်ကာ အလွန်အစွမ်းထက်ပေ၏။ အရေးကြီးသော အခိုက်အတန့်မှာ အဓိပဓိကျိုးယန်က သူ့ခန္ဓာနှင့်သွေးမျိုးဆက်ကို ဖျက်ဆီးပစ်ခဲ့ပါသည်။ ထို့နောက်မှာတော့ သူ၏စိတ်ဝိညာဉ်အပိုင်းစလေးက ပါရာဂွန်ဘုရားကျောင်းကို သယ်ဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် နဝမနဂါး သွေးအဆီအနှစ်တစ်စက်ကို ရယူသွားနိုင်ခဲ့လေ၏။

နောက်ပိုင်းမှာတော့ အဓိပဓိကျိုးယွမ်ဟာ ပါရာဂွန်ဘုရားကျောင်းကို ဧကရာဇ်ရီဝူဟွမ်လက်ထဲ ပြန်မကျရောက်စေရန် ကြေးဆွဲပြားအဖြစ် ပြောင်းလဲလိုက်ပါသည်။ ဆယ်စုနှစ်များစွာကြာခဲ့ပြီး နောက်ဆုံးမှာတော့ ကြေးဆွဲသီးဟာ လုယွမ်ထျန်း၏ လက်ထဲသို့ ကျရောက်သွားခဲ့လေတော့သည်။

"ဟားဟားဟား… နောက်ဆုံးအချိန်မှ ကြောင်သူတော်ဆိုတဲ့စကားကို ငါနားလည်လာခဲ့ရတယ်… သူက ငါ့ကိုတပည့်အဖြစ် လက်ခံပြီး သိုင်းတာအိုလမ်းစဉ်ကို လျှောက်လှမ်းစေတာက ချစ်လို့မှ မဟုတ်ဘဲကွ… ‌ဒါက အဲဒီလူရဲ့ လှည့်ကွက်တွေပဲ… အစကတည်းက သူက ငါ့ရဲ့သွေးမျိုးဆက်ကို လိုချင်နေတာ… သူက နဝမနဂါးရဲ့ အကြွင်းအကျန် အန္တရာယ်နယ်မြေထဲကို ငါ့ကိုစေလွှတ်ပြီး အသုံးချခဲ့တာ"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now