106 - 110

402 35 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 106 ) အနက်ရောင်အဆင့်သိုင်းပညာလား… ငါ့မှာလည်းရှိတယ်

"လုမင်… ခန္ဓာကိုယ်သန့်စင်ခြင်းတာအိုကို လေ့ကျင့်ထားတာ မင်းတစ်ယောက်ထဲလို့ ထင်နေတာလားကွ"
ယောက်ထျန်းယု အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ကြီးမားတဲ့ သံတုံးကြီးလိုဖြစ်တည်လာ၏။ ယောက်ထျန်းယုက လုမင်ဆီကို ပြေးဝင်ကာ သူ့လက်ထဲကဓါးနဲ့ခုတ်ပိုင်းချလိုက်ပါသည်။

ထိုဓါးချက်က မိုးနှင့်မြေကိုတောင် ကိုင်လှုပ်‌နိုင်ပုံရပါသည်။

"ခန္ဓာကိုယ်သန့်စင်ခြင်းတာအို"
လုမင်ရဲ့ မျက်နှာအမူရာက ပြောင်းလဲသွားပြီး သူ့ခွန်အားတွေကို ပေါက်ကွဲစွာထုတ်ဖော်ကာ ဓါးကြီးဖြင့် ပြန်လည်ခုခံလိုက်သည်။

"ဂျုန်း"
ဓါးကြီးနှင့် ယောက်ထျန်းယုရဲ့ ဓါးက ထိပ်တိုက်တွေ့ဆုံတာနှင့် လုမင်ဟာ သူ့‌ဆီကိုတိုးဝင်လာတဲ့ အင်အားတစ်ရပ်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကလည်း အနောက်ကို ဆယ်မီတာကျော် လျှောထွက်သွားခဲ့ပါသည်။

သူ့ဓါးကိုင်လက်က အနည်းငယ်ထုံကျဉ်သွားခဲ့ရသည်။

"ခန္ဓာကိုယ် သန့်စင်ခြင်းတာအို… ယောက်ထျန်းယုက ခန္ဓာကိုယ်သန့်စင်ခြင်းတာအိုကို လေ့ကျင့်ထားတာပဲ… သူ့ရဲ့ နတ်ခန္ဓာက ဟဲထျန့်ထက်အားမနည်းဘဲ အနက်ရောင်အဆင့်ဓါးသိုင်းကို ထည့်ပေါင်းလိုက်ရင် လုမင်က သူ့ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး"

"ဟုတ်တယ်ဗျ… အစွမ်းထက်နတ်ခန္ဓာနဲ့ အနက်ရောင်အဆင့်သိုင်းပညာကို ပေါင်းစပ်လိုက်ရင် ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းကြောက်စရာကောင်းလိမ့်မယ်… ယောက်ထျန်းယုက ကြေးဇယားမှာ အဆင့်ငါးဆယ့်တစ်ရှိပေမယ့် ကျုပ်အမြင်တော့ အဆင့်လေးဆယ်ဖြစ်နိုင်တယ်… လုမင်အတွက် တကယ့်ကို အန္တရာယ်များသွားပြီ… သူ့ရဲ့အခြေခံနဲ့ ယောက်ထျန်းယုကိုတိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး… ပါရမီရှင်တစ်ယောက်အတွက်တော့ စိတ်မကောင်းစရာပေါ့"

"ကျုပ်ကတော့ ဒီလောက်လွယ်မယ်မထင်ဘူး… လုမင်ကလည်း အနက်ရောင်အဆင့်သိုင်းပညာကို လေ့ကျင့်ထားနိုင်တယ်မဟုတ်လား"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now