551 - 555

264 26 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 551 ) ပန်းပဲပညာဂိုဏ်းမှ ရွှမ်ရှန်း

"သခင်လုမင်၊ ရှင်က အရမ်းအံ့ဩစရာကောင်းတာပဲ... ကျွန်မတို့ ပန်းပဲပညာဂိုဏ်းကလူတွေဆိုရင် ရှင်နဲ့ လုံးဝ ယှဉ်နိုင်မှာမဟုတ်ဘူး"
ရွှမ်ရှန်းက လုမင်ကို တောက်ပနေသော မျက်လုံးဖြင့်ကြည့်ကာ ပြောလိုက်သည်။

"အဟမြး အဟမြး"
လုမင်ပင် အနည်းငယ်ရှက်သွား၍ ချောင်းဟန့်ကာ ပြောလိုက်၏။
"မင်းက ပန်းပဲပညာဂိုဏ်းကလား"

"ဟုတ်ပါတယ်... ပန်းပဲပညာဂိုဏ်းချုပ်က ကျွန်မအဖေပဲလေ"
ရွှမ်ရှန်းက ဘာမျှမစဉ်းစားဘဲ လုမင်ကိုစိုက်ကြည့်ရင်း ပြောလိုက်ပြန်သည်။

"အဟမ်း အဟမ်း... မိန်းကလေး... ကျင့်ဝတ်တွေကို သတိထားပါအုံး"
နံဘေးမှ လူကြီးပင် သတိပေးလိုက်ရ၏။

"ဘာကို ဂရုစိုက်ရမှာလဲ..။ သခင်လုမင်က တို့လူပဲကို"
ရွှမ်ရှန်းက ရယ်မောကာ ပြောလိုက်လေသည်။

လုမင်လည်း ပြုံးလိုက်သည်။ အနှီမိန်းမပျိုက အတွေ့အကြုံမရှိဘဲ စိတ်ထားဖြူစင်သော မိန်းကလေးတစ်ယောက်ပုံပင်။

"မိန်းကလေးရွှမ်ရှန်းနဲ့ အားလုံးပဲ... ကျုပ်က ပန်းပဲပညာဂိုဏ်းကို သွားတော့မှာပါ... အဲဒီမှာ ပန်းပဲပညာဂိုဏ်းချုပ်နဲ့ ကိစ္စလေးတွေ ရှိသေးလို့"
လုမင် ပြောလိုက်သည်။

"ရှင်က ပန်းပဲပညာဂိုဏ်းကို အဖေနဲ့သွားတွေ့မလို့လား..။ ဒါဆိုအတော်ပဲ... ကျွန်မတို့နဲ့ အတူတူသွားကြတာပေါ့"
ရွှမ်ရှန်း မျက်လုံးများ တောက်ပလာကာ ပျော်ရွှင်စွာ ပြောလိုက်၏။

"ကောင်းပြီ"
လုမင် ခေါင်းညိတ်လိုက်သည်။

တခြားသူများလည်း ဝမ်းသာသွား၏။ လုမင်ကဲ့သို့ တန်ခိုးရှင်နှင့် အတူတူသွားကြရလျှင် ကောင်းကင်အလောင်းကောင်ဂိုဏ်းက ထပ်မံတိုက်ခိုက်မည်ကို ပူစရာမလိုတော့ပေ။

ထို့နောက် ၎င်းတို့အဖွဲ့ဟာ မြောက်ဘက်ပိုင်းသို့ ဦးတည်လိုက်ကြသည်။

"သခင်လုမင်... ရှင်က ငယ်ငယ်လေးနဲ့ အရမ်းအံ့ဩစရာကောင်းတာပဲ... ရှင်ဘယ်လိုများ လေ့ကျင့်ခဲ့တာလဲ"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now