676 - 680

247 29 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 676 ) အစစ်အမှန်နဂါးသွေး

လုမင် လှောင်ပြောင် ရယ်မောလိုက်၏။ ဤအေးခဲဓားဝိညာဉ်က တကယ်ကို အရှက်မရှိပါ။

ယခင်တိုက်ပွဲတွင် သူက မိမိမသေရေးအတွက် တခြားသူများကို စတေးခဲ့ပြီး ကိုယ်တိုင်ကတော့ ထွက်ပြေးခဲ့သည်။

တကယ်တမ်းတွင် သူ၏ခွန်အားအရ အစွမ်းကုန်တိုက်ခိုက်မည်ဆိုပါက အနီရောင်မိစ္ဆာအိုကြီးတို့ ရောက်လာသည်အထိ ရေနဂါးကို အချိန်ဆွဲထားနိုင်သည်။ သို့သော် သူမလုပ်ခဲ့ပါ။ ထိုအစား တခြားသူများအသက်နှင့် အချိန်ဆွဲကာ သူ့ကိုယ်သူ ကာကွယ်ခဲ့သည်။ 

ယခုလည်း သူသည် ထိုသို့ထပ်လုပ်ချင်နေခဲ့ပြန်ပြီ။ လုမင်ကို အသက်နှင့်ရင်း၍ ရေနဂါးကြီးအား သတ်စေလိုသည်။ နဂါးကိုသတ်ပြီးသောအခါ အစီရင်ကိုဖျက်ဆီးရန် ရှဲ့နျန်ချင်းကို စေခိုင်းမည်။ ယင်းက တကယ်ကို အကြံပက်စက်သူ ဖြစ်သည်။

"အဘိုးကြီး၊ ငါ့မှာ စိတ်တစ်မျိုးရှိတယ်။ တခြားသူတွေက ငါ့ကိုခြိမ်းခြောက်လာလေ၊ ငါကပိုပြီး တိုက်ခိုက်ချင်လေပဲ။ ပြောခဲ့သလိုပဲပေါ့၊ ငါက ကမ္ပည်းတချို့ကိုသိတယ်။ အခု နှစ်ပေါင်းများစွာကြာသွားပြီဆိုတော့ အစီရင်တွေကလည်း အဖျက်စွမ်းအား အားနည်းလောက်ရောပေါ့။ တချို့နေရာတွေမှာလည်း စွမ်းအင်တွေ ကုန်နေလောက်ပြီ၊ ဒါကြောင့် ငါက ဝိညာဉ်ကျောက်တုံးတချို့ ထပ်ထည့်ပေးရမယ်လို့ ထင်တယ်"
လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ခွေးမသား၊ မင်းလုပ်ရဲလား"
အေးခဲဓားဝိညာဉ်၏မျက်နှာက အေးစက်သွားသည်။

"ဘာလို့ မလုပ်ဝံ့ရမှာလဲ။  မင်းက ငါ့မျက်လုံးထဲမှာ အရူးပဲ"
လုမင်က နှုတ်ခမ်းကိုတွန့်ကွေးကာ ရင်ပြင်ထောင့်စွန်းသို့ လျှောက်သွားသည်။

ရင်ပြင်ထောင့်စွန်းအောက်ခြေတွင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများထည့်ရသော တွင်းပေါက်အချို့ရှိ၏။

သို့သော်လည်း တချို့ဝိညာဉ်ကျောက်တုံးများမှာ စွမ်းအင်မဲ့၍ ကွဲကြေနေခဲ့ကြချေပြီ။ 

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now