801 - 805

232 22 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 801) အလုံးစုံ သွေးကန်။

"နတ်ဘုရားအဆင့် ပါရမီရှင် ဝမ့်ဟောက်ရှန်း"
လူတစ်ယောက်က ဝမ့်ဟောက်ရှန်းကို မှတ်မိပြီး အသိအမှတ်ပြုပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

တခြားသူများလည်း အံ့ဩသွား၏။

ပိုင်ကျွင်းတောင်ကား သာမန် ကျင့်ကြံခြင်းအတွက် မြင့်မြတ်နေရာတစ်ခုမျှသာ ဖြစ်သည်။ နတ်ဘုရားအဆင့် ပါရမီရှင်များတွင် ပိုကောင်းသည့် ‌ကျင့်ကြံခြင်းနေရာများရှိ၍ ဤနေရာကို လုံးဝလာစရာမလိုပေ။  ဝမ့်ဟောက်ရှန်း ဤနေရာကို ရုတ်တရက် ရောက်လာခြင်းက ဘာကိစ္စကြောင့်လဲ။

လူအများဟာ ဝမ့်ဟောက်ရှန်း၏‌ မောင်ဖြစ်သော ဝမ့်ဟောက်ထျန်း‌‌အကြောင်းကို အလိုလို တွေးလိုက်မိကြသည်။
   
ဝမ့်ဟောက်ထျန်းသည် လုမင်အနောက်ကိုလိုက်ပါသွားကြောင်း သူတို့အားလုံး မြင်လိုက်ရ၏။ ထို့နောက် လုမင်က ပုံစံပြောင်းပြီးပြန်ရောက်လာကာ မျှော်စင်ကိုးထပ်ကို ဖြတ်သန်းသွားသော အခြားလူနှစ်ယောက်နှင့်အတူ ထွက်ခွာသွားတော့သည်။

သို့ဆိုလျှင် ဝမ့်ဟောက်ထျန်း တစ်ခုခုဖြစ်သွားပါသလော။ မဟုတ်လျှင်လည်း ဝမ့်ဟောက်ရှန်းတွင် သတ်ဖြတ်ချင်စိတ်များ ဘာကြောင့်ခိုင်မာနေသနည်း။
  
ရုတ်​တရက်​ ၎င်းတို့ဟာ ​နောက်​ထပ်​နှစ်​​ယောက်​က ဘယ်​သူများလဲဟု ​တတွေးလိုက်မိကြသည်။ လုမင်၏ ထိုသူငယ်ချင်းနှစ်ယောက်တွင် တစ်ယောက်က ရင်သပ်ရှုမောဖွယ်ကောင်းသော မိန်းကလေးတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ ဖက်တီးတစ်ဦး ဖြစ်သည်။ ၎င်းတို့အားလုံး၏ ပါရမီကတော့ ကြောက်စရာပင်။

မည်သို့ဆိုစေ ကိုးလွှာသို့ ဖြတ်သန်းသွားသော ထိုနှစ်ယောက်ကို မှန်းဆရန် မခက်ခဲတော့ပါချေ။
   
"ပြောစမ်း၊ ငါ့မောင်ဝမ့်ဟောက်ထျန်း ဒီနေရာကိုရောက်လာတော့ ဘယ်သူနဲ့ တိုက်ခိုက်ခဲ့တာလဲ၊ ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့"
ဝမ့်ဟောက်ရှန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

သူ့ခန္ဓာမှ စိမ့်ထွက်နေသော သတ်ဖြတ်ချင်စိတ်ကလည်း ပိုပြင်းထန်ကာ အားကောင်းလာသည်။
   
"လုမင်၊ အဲတာက လုမင်ပါ"
လူတစ်ယောက်က အော်လိုက်၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now