231 - 235

302 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 231 ) ယန်ဇိုင်ထျန်းနှင့်တိုက်ခိုက်ရပြီ

ရှီဖန်းဓားဂိုဏ်းသားတွေဟာ ယန်ဇိုင်ထျန်း လာနေတာကိုမြင်ပြီးနောက် အလွန်‌ပျော်ရွှင်ကုန်ကြပါသည်။

သို့သော် လုမင်က တစ်ချက်သာလှည့်ကြည့်ပြီး ဆက်လက်တိုက်ခိုက်နေပြန်၏။

"ဝုန်း… အား"
ရှီဖန်းဓားဂိုဏ်းသားတွေဟာ တစ်ဦးပြီးတစ်ဦး လဲကျကုန်ပြီး ယန်ဇိုင်ထျန်းရောက်လာချိန်တွင်  မတ်တပ်ရပ်နိုင်သူက အနည်းငယ်သာ ရှိတော့သည်။

ယန်ဇိုင်ထျန်းက သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပါသည်။ ထို့နောက် လုမင်ကို လှမ်းကြည့်ပြီး အေးစက်စွာပြောလိုက်သည် ။
"ငါမင်းကို ရပ်ခိုင်းနေတာ မကြားဘူးလား"

"ငါကြားပါတယ်… ဒါပေမယ့် မင်းက ဘာလဲ… မင်းကရပ်ခိုင်းတာနဲ့ ငါက ဆက်မလုပ်ဘဲနေရမှာလား"
လုမင်က စိုက်ကြည့်လိုက်သည်။

ထိုအခါ ယန်ဇိုင်ထျန်း၏မျက်နှာက ပိုမိုသုန်မှုန်လာတော့သည်။

လုမင်က သူ့ကို အမှန်ပင် ပြန်ပြောဝံ့နေချေ၏။

ယန်ဇိုင်ထျန်း အလွန်ဒေါသထွက်သွားကာ ရယ်မော၍ ပြောလိုက်သည်။
"ထျန်းယွမ်… ငါက မင်းကို ငါ့ရဲ့သားကောင်လို့ ပြောခဲ့ပေမယ့် အဲဒီအချိန်မှာ ငါမင်းအပေါ် ဘယ်လိုမှမမြင်ဘူး… ဒါပေမယ့် အခုတော့ မင်းသေပြီပဲ… မင်းလွတ်မယ်လို့ မထင်နဲ့"

"ဒါက မင်းတို့ရှီဖန်းဓားဂိုဏ်းရဲ့ လုပ်ထုံးလုပ်ရိုးပဲလား… ငါ့ကိုတွေ့တာနဲ့ မင်းတော့သေပြီလို့ အမြဲပြောကြတယ်… ဒါပေမယ့် ငါက အခုထိရပ်နေတုန်းပဲ… မင်းတို့သာ တစ်ဦးပြီးတစ်ဦး လဲသွားကြတာ-
လုမင်က လှောင်ပြောင်လိုက်သည်။

"ငါ့ကို ဒီအမှိုက်တွေနဲ့ မနှိုင်းယှဥ်နဲ့ကွ"
ယန်ဇိုင်ထျန်းက အော်ဟစ်လိုက်သည်။

ထိုအခါ ရှီဖန်းဓားဂိုဏ်းသားတွေ၏ မျက်နှာတွေက အကြည့်ရဆိုးသွားခဲ့ပါသည်။ ယန်ဇိုင်ထျန်းက သူတို့ကို အများအလယ်မှာ အမှိုက်ဟု ပြောနေပေရာ စိတ်မသက်မသာ ခံစားလိုက်ကြရပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now