866 - 870

241 25 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 866 ) အားလုံး တုန်လှုပ်သွားကြခြင်း။

"သေစမ်း၊ ဒီထျန်းယွမ်က ဘာကောင်လဲ၊ သူက ဘာအရည်အချင်းရှိလို့ ဂိုဏ်းရဲ့ ကိုယ်စားလှယ်လောင်းဖြစ်ရတာလဲ၊ သေစမ်းပါကွာ"
ရှရီ အော်ဟစ်လိုက်သည်။

ဂိုဏ်းချုပ်ငယ် ကိုယ်စားလှယ်လောင်း ဖြစ်လာရန်က ရှရီ အမြဲအိပ်မက်မက်ခဲ့ရသည့် အရာတစ်ခုဖြစ်သည်။ သူသည် ဤအတွက် အမြဲလိုလိုလည်း ကြိုးစားနေခဲ့၏။ ယခုတော့ သူစိမ်းတစ်ယောက်၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရရာ မနာလိုစိတ်ဖြင့် ရူးသွပ်လုနီးပါး ဖြစ်သွားလေတော့သည်။

ထိုအချိန်တွင် ဖူရုပ်သေးဂိုဏ်းတစ်ခုလုံး တူညီသော သံသယစိတ်များ ဖြစ်လာခဲ့ကြသည်။

အဆိုပါ ထျန်းယွမ်က မည်သူနည်း၊ သူ ဘယ်နေရာက လာသနည်း၊ ဂိုဏ်းချုပ်ငယ် ကိုယ်စားလှယ်လောင်းဖြစ်ရန် မည်သို့သော အရည်အချင်းမျိုး ရှိနေပါသနည်း။

လူအားလုံး၏ အကြည့်များက စူးရှလာသည်။

အထူးသဖြင့် ၎င်းမှာ ပါရမီရှင်တစ်ထောင်စာရင်း၌ ထိပ်တန်းသုံးရာအတွင်း အဆင့်သတ်မှတ်ခံထားရသော နတ်ဘုရားအဆင့် ပါရမီရှင်များအတွက်ပင်။ ၎င်းတို့အားလုံးသည် ဂိုဏ်းချုပ်ုယ်နေရာအတွက် အမြဲတစေ အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြသော်လည်း ယခုအခါ အခြားသူတစ်ယောက်မှ ဝင်ယူသွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ပေရာ ၎င်းတို့အနေဖြင့် ယင်းကို မည်သို့ယုံကြည်နိုင်မည်နည်း။

"ငါမြင်ချင်စမ်းတယ်၊ ဒီထျန်းယွမ်က ဂိုဏ်းချုပ်ငယ် ကိုယ်စားလှယ်လောင်းဖြစ်ရအောင် ဘယ်လိုအရည်အချင်းမျိုး ရှိလို့လဲ"

"ဒီ ထျန်းယွမ်ဆိုတဲ့လူကို သွားတွေ့ကြည့်ရမယ်"

ချက်ချင်းပင် "ထျန်းယွမ်"ဟူသော နာမည်တစ်ခုကြောင့် လျန်ရီတောင်မှ လူအားလုံး တုန်လှုပ်သွားကြသည်။

ယွင်ဖုန်းခြံဝင်းတွင် ပိုင်ချီရွယ်လည်း ဤသတင်းကို ရခဲ့သည်။ သူသည် သူ့လက်ထဲမှ အသံလွှင့်ကျောက်အဆောင်ကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွား၏။ ထို့နောက်တွင်မှ လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"နင်ပြောတော့ ဆရာရဲ့ တရားမဝင်သားမဟုတ်ဘူးဆို၊ အခု နင်က ဂိုဏ်းချုပ်ငယ် ကိုယ်စားလှယ်လောင်းတောင် ဖြစ်လာပြီ"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now