216 - 220

321 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 216 ) သွေးပုရွက်ဆိတ်လျှို့ဝှက်နယ်မြေ

"အကိုထျန်းယွမ်၊ ခင်ဗျား တကယ်မသိတာလား… ခင်ဗျားက တကယ့်ကို သိုင်းရူးအစစ်ပါဗျာ"
မင်ဖုန်းက သူ့နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်သည်။
"သွေးပုရွက်ဆိတ် လျှို့ဝှက်နယ်မြေက ရှီဖန်းဓားဂိုဏ်းနဲ့ တော်ဝင်မိသားစုက ပူးပေါင်းထိန်းချုပ်ထားတဲ့ ဂြိုလ်တစ်စင်းပဲ… ကြယ်တာရာနန်းတော်က ထုတ်ပြန်ထားတဲ့အမိန့်အရ သိုင်းဆရာသခင် အဆင့်သုံးနဲ့ သူ့အထက်မှာရှိတဲ့လူတွေပဲ လျှို့ဝှက်နယ်မြေထဲကို ဝင်နိုင်တယ်"

"အခုဆိုရင် သိုင်းဆရာသခင် အဆင့်တစ်၊ အဆင့်နှစ်တွေက သိုင်းဆရာသခင်အဆင့်သုံးကို ရောက်ဖို့ အပြင်းအထန် လေ့ကျင့်နေကြပြီ… ဒါမှပဲ သွေးပုရွက်ဆိတ် လျှို့ဝှက်နယ်မြေကို ဝင်နိုင်ကြမှာ မဟုတ်လား… နောက်ဆုံးမှာတော့ ဒါက အခွင့်အရေးကြီးမို့ ဘယ်သူမှ လက်မလွတ်ချင်ကြဘူး… ဒါကို အစ်ကိုထျန်းက တကယ် မသိတာလား"
မင်ဖုန်းက စကားဆုံးတာနှင့် သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်ပါသည်။

'သေချာပြီ… ဒါက ဟွာချီပြောတာနဲ့ အတူတူပဲ'
လုမင် တွေးလိုက်သည်။

"ငါဒါကို ကြားဖူးပါတယ်… အဲတာကြောင့် သဘာဝအရ ငါဝင်မှာ"
လုမင်က ပြုံးလျက်ပြောလိုက်သည်။

"‌သွေးပုရွက်ဆိတ် လျှို့ဝှက်နယ်မြေကို အဆင့်ခုနစ်နဲ့ သူ့အထက်က သိုင်းဆရာသခင်တွေတော့ မဝင်နိုင်ဘူး… အဲတာကြောင့် မောင်ငယ်ထျန်းရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ဆိုရင် အကျိုးအမြတ်အကြီးကြီးရမှာ အသေချာပဲ… ဒါပေမယ့် ရှီဖန်းဓားဂိုဏ်းကလူတွေကို သတိထားဖို့တော့ လိုသေးတယ်… ဘာကြောင့်လည်းဆိုတော့ အချိန်တိုင်းမှာ ရှီဖန်းဓားဂိုဏ်းသားတွေက ကြယ်တာရာနန်းတော်ရဲ့ ပါရမီရှင်တွေကို အမဲလိုက်သလို လိုက်ကြမှာမို့ပဲ"
မင်ကျူးက လေးနက်စွာ ပြောလိုက်သည်။

"ဟမ့်… ရှီဖန်းဓားဂိုဏ်းသားတွေ ငါ့ကိုလာရန်မစတာ အကောင်းဆုံးပဲ… မဟုတ်ရင် တစ်ယောက်လာရင် ငါတစ်ယောက်ကိုသတ်ပစ်မယ်"
မင်ချန်က သတ်ဖြတ်ချင်စိတ်တွေဖြင့် ပြောဆိုလိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now