386 - 390

291 33 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 386 ) ကျားပျံတောင်တန်းဧရိယာ

"ဝုန်း"
ဧရာမ ဖားပြုပ်ကြီး၏ လျှာနီနီက လုမင်ကိုမထိပေ။ ထိုအစား မီတာတစ်ထောင်မြင့်သော တောင်ကြီးတစ်လုံးကို ခါးလယ်မှ ဖောက်ထွက်သွားခဲ့သည်။

ဖားပြုပ်ကြီးက ဒေါသတကြီးဖြင့် လျှာကိုလှုပ်ခါလိုက်ရာ တောင်ကြီးက ပြတ်ကျသွားခဲ့၏။ ဝောင်ထိပ်က လုမင်ဆီကို လွင့်စဉ်လာခဲ့သည်။

'ချီး.. ဒီဖားပြုပ်က သန်မာလိုက်တာ၊ ဒါက ဘုရင်တစ်ပိုင်းပဲ ဖြစ်ရမယ်'
လုမင်က နဝမနဂါးခြေလှမ်းကိုသုံးကာ ဆယ်မိုင်အကွာသို့ ချက်ချင်း ရောက်သွားခဲ့သည်။

"ဒုန်း"
သူ့အနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တောင်ထိပ်က မြေပြင်ကိုသာ စိုက်ဝင်သွားခဲ့၏။

လုမင်လည်း ကြောက်လန့်တကြားဖြင့် နဝမနဂါးခြေလှမ်းကို ဆက်တိုက်သုံးကာ ဖားပြုပ်ကြီးကို မျက်ခြေဖြတ်လိုက်ရသည်။

သည်တစ်ခေါက် သူကံဆိုးလှသည်။ သူက ဘုရင်တစ်ပိုင်းအဆင့်ကိုမှ သွားရန်စမိ၏။ ထွက်ပြေးလွတ်ခဲ့၍သာ‌ တော်ရော့သည်။

'လုမင်၊ မင်းသတိထားစမ်း.. ရှေးဟောင်းစစ်မြေပြင်က အရမ်းအန္တရာယ်များတာ..။ မတော်လို့ သိုင်းဘုရင်အဆင့် သားရဲနဲ့သာ တွေ့သွားရင် ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး'
လုမင် ကိုယ့်ကိုယ်ကိုယ်သတိပေးကာ သားရဲများကို ဆက်လျှာလိုက်သည်။

"အဲ.. ဆေးနံ့ပါလား"
မိုင်တစ်ရာခန့် ထွက်လာပြီးနောက် လုမင်ဟာ သန်မာသော ဆေးနံ့ကို ရလိုက်သည်။

'ဒါက ဘယ်ဘက်မှာ'
လုမင်လည်း ဆေးနံ့ရရာဘက်ကို လျှောက်သွားလိုက်သည်။

မကြာမီ သူ့အရှေ့မှာ မီတာ ခုနစ်ထောင်၊ ရှစ်ထောငိခန့်မြင့်သော တောင်ကြီးနှစ်လုံးကို မြင်လိုက်ရ၏။ တောင်ကြီးနှစ်လုံးက ခမ်းနားစွာပင် ကောင်းကင်ထိတိုင် ထိုးထွက်နေသည်။

တောင်နှစ်လုံးအလယ်မှာတော့ ဧရာမ တောင်ကြားချိုင့်ဝှမ်းကြီးရှိနေပြီး ဆေးနံ့က ထိုအတွင်းမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now